SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်

 

ဆင်းကတ်များ မှတ်ပုံတင်ရာတွင် ဖြည့်စွက် ရသည့် အမည်/ နိုင်ငံသားစိစစ်ရေး ကတ်အမှတ် စသည့် အချက်အလက်များကို လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database   အချက်အလက်များနှင့်   တိုက်ဆိုင် စစ်ဆေး၍ အချက်အလက် မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့်  ဆင်းကတ်များကို  ပိတ်သိမ်း မည်ဖြစ်ပါသဖြင့် သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းကတ်မှတ်ပုံတင်သည့်  အမည် / နိုင်ငံသား စိစစ်ရေးကတ်အမှတ်တို့ကို  မှန်/မမှန် စစ်ဆေး ပြီး၊ ပြင်ဆင်ရန်လိုအပ်ပါက (၃၁-၁-၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍         ပြန်လည်ပြင်ဆင်ပါရန်  အသိပေးနှိုးဆော်အပ်ပါသည်။ မိမိတို့၏ အမည် /  နိုင်ငံသားစိစစ်ရေး    ကတ်အမှတ်တို့     မှန်မမှန် စစ်ဆေးသိရှိနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)   အတွက်   *601#  ၊  Atom    အတွက် *979*3*3# ၊ Ooredoo အတွက် *666# ၊ Mytel အတွက် *966# သို့ခေါ်ဆို၍ ကြည့်ရှုစစ်ဆေး နိုင်ပါသည်။ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ   အော်ပရေတာများ၏   အရောင်း ဆိုင်များ၊   Application  များနှင့်  Website  တို့ တွင် ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။


ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန