
၁။ ဆင်းကတ်များမှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့် အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database တွင်ရှိသော အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။
၂။ တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက်မမှန်သော နိုင်ငံသား စိစစ်ရေးကတ်များဖြင့် မှတ်ပုံတင်ထားသော ဆင်းကတ်သုံးစွဲသူ များထံ ရက်ပေါင်း(၃၀)အတွင်း မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်ရန် အသိပေးစာတို(SMS)များ ပေးပို့သွားမည်ဖြစ်ပါသည်။ အသိပေး စာတို(SMS)များ ရရှိပြီး ရက်ပေါင်း (၃၀) အတွင်း နိုင်ငံသား စိစစ်ရေးကတ်အမှန်ဖြင့် ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းမရှိသော ဆင်းကတ်များအား One Way Block (အထွက်ခေါ်ဆိုမှု၊ အထွက် စာတိုပေးပို့မှုနှင့် ဒေတာအသုံးပြုမှုရပ်ဆိုင်းခြင်း) ဆောင်ရွက်မည် ဖြစ်ပြီး ထိုသို့ One Way Block ဆောင်ရွက်ထားသည့်အချိန်မှစ၍ ရက်ပေါင်း (၉၀) အတွင်း နိုင်ငံသားစိစစ်ရေးကတ် အချက်အလက် အမှန်ဖြင့် လာရောက်ပြင်ဆင်မှတ်ပုံတင်ခြင်းမရှိသော ဆင်းကတ် များအား အပြီးပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
၃။ ထို့ကြောင့် ဆင်းကတ်သုံးစွဲသူပြည်သူများအနေဖြင့် မိမိတို့ အသုံးပြုနေသော ဆင်းကတ်များ ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင်နိုင်ရန် အသိပေးစာတို (SMS) ရရှိပါက သက်ဆိုင်ရာမိုဘိုင်းအော်ပရေတာများ၏ အရောင်းဆိုင်များ၊ Application များနှင့် Website တို့တွင် နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်ဖြင့် အမြန်ပြန်လည်မှတ်ပုံတင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန