
ရန်ကုန် အောက်တိုဘာ ၂၀
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပ သည့် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်ရှိ ဧည့်ခံတန်ဆောင်း ၌ ကျင်းပသည်။
ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များ ဘာသာရေး အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက အရုဏ်တက် ချိန်တွင် ရွှေတိဂုံစေတီတော်မြတ် ကြီးအား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဂေါပကအဖွဲ့ဝင် များ၊ ဘာသာရေးအသင်းအဖွဲ့ များနှင့် ဝန်ထမ်းများက “ဝါဆို” ဘုရားရှိခိုးခြင်း၊ စိန်ရောင်ခြည် ဘုရားပင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ စေတီ တော်မြတ်ကြီးအား မြတ်ဘုရား ရွှေတိဂုံဂါထာဖြင့် ရှိခိုးပူဇော် ခြင်း၊ ပရိသတ်အပေါင်းတို့က နဝင်္ဂသီလ ခံယူဆောက်တည်ခြင်း၊ ဘုရား၊ တရား၊ သံဃာ့ဂုဏ်တော် များ ရွတ်ပွားပူဇော်ခြင်း၊ မေတ္တာ ဘာဝနာပွားများခြင်း၊ ဆုတောင်း အမျှဝေ၊ သာဓုခေါ်ဆိုခြင်း စသည့် အစီအစဉ်အတိုင်း ဆောင်ရွက်ကြ ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
ဆီမီးခုံများ၌ ထွန်းညှိပူဇော်
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင် များနှင့် ဝန်ထမ်းများက အများ ပြည်သူများ လှူဒါန်းထားသည့် ဆီမီး ၁၁၀၀၀ ကို ရွှေတိဂုံစေတီ တော် ပတ်လည်ရှိ ဆီမီးခုံများ၌ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်း ကြသည်။
အလားတူ မဟာဝိဇယစေတီ တော် ဂေါပကအဖွဲ့က ကြီးမှူး၍ ယနေ့ အရုဏ်တက်ချိန်တွင် စေတီတော်အား ဆွမ်းတော်ကြီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး ဆွမ်းတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်း များက အဘိဓမ္မာတရားတော်များ ကို ရွတ်ဖတ်ပူဇော်ကြသည်။
မေတ္တာပို့ အမျှဝေဆုတောင်း
ထို့ပြင် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီ တော် ဂေါပကအဖွဲ့က ကြီးမှူး ၍ သီတင်းကျွတ်လပြည့် အဘိ ဓမ္မာအခါတော်နေ့ အဘိဓမ္မာ ခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စေတီတော်ရင်ပြင် ရှိ နန်းဦးဘုရား တန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက နတ်ဗြဟ္မာများ ပင့်ဖိတ်ခြင်း၊ အဘိဓမ္မာတရား ဟောကြားတော်မူသော မြတ်စွာ ဘုရားအား ရှိခိုးပူဇော်သည့် ဝန္ဒနာဂါထာကို ရွတ်ဖတ်ပူဇော် ခြင်း၊ ဩကာသကန်တော့ချိုးဖြင့် မြတ်စွာဘုရားအား ကန်တော့၍ သရဏဂုံသုံးပါးနှင့် ရှစ်ပါးသီလ တော်မြတ်ကို ခံယူဆောက်တည် ခြင်း၊ အဘိဓမ္မာအကြောင်း သိကောင်းစရာများကို မြွက်ကြား ခြင်းနှင့် အဘိဓမ္မာ အမွှမ်းဂါထာ၊ အဘိဓမ္မာ ပါဠိတော်များနှင့် ရောင်ခြည်တော်ဘွဲ့ သံဆန်း ကဗျာများကို ရွတ်ဖတ်ပူဇော်ကြ ပြီး မေတ္တာပို့ အမျှဝေဆုတောင်းကြ သည်။
တရားတော်များ ရွတ်ဖတ်ပူဇော်
အရုဏ်တက်ချိန်တွင်လည်း ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်း များက ဗိုလ်တထောင် ကျိုက် ဒေးအပ်ဆံတော်ဦး စေတီတော် မြတ်ကြီးအား ဆွမ်းတော်ကြီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်း တို့ဖြင့် ကပ်လှူပူဇော်ခဲ့ကြသည်။
သီရိမင်္ဂလာ ကမ္ဘာအေးစေတီ တော်၊ ရွှေဘုန်းပွင့်စေတီတော်၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတ ဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ် ကြီးဘုရားနှင့် ဝရဒါဌာဓာတု စေတိယ စွယ်တော်မြတ်စေတီ တော် (ရန်ကုန်) တို့တွင်လည်း ဂေါပကအဖွဲ့များက ကြီးမှူး၍ ယနေ့ အရုဏ်တက်ချိန်တွင် စေတီတော်နှင့် ဘုရားရုပ်ပွားတော် များအား ဆွမ်း၊ ဆွမ်းတော်ကြီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်း တို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပက အဖွဲ့ဝင်များနှင့် ဝန်ထမ်း များက အဘိဓမ္မာတရားတော် များကို ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။
ဥပုသ်သီလ ဆောက်တည်
သီတင်းကျွတ်လပြည့် အဘိ ဓမ္မာအခါတော်နေ့တွင် ရန်ကုန်မြို့ ရှိ ဘုရားစေတီများတွင် ဘုရားဖူး လာပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ကြခြင်း၊ မြို့နယ် ရပ်ကွက်အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှု ပြုကြခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုး၊ အဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်များ ထွန်းညှိပူဇော် ကြခြင်းများ ပြုလုပ်ကြသည်။
သတင်း-ကိုကိုဇော်၊ ကျော်စိုးဝင်း
ဓာတ်ပုံ-ဇော်မင်းလတ်(MNA)