သီတင်းကျွတ်လပြည့်နေ့ အကြို(အဖိတ်နေ့)ရွှေတိဂုံစေတီတော် မြတ်ကြီးအား လျှပ်စစ်မီးစေတီများ စုပေါင်းဆက်ကပ်ပူဇော်ပွဲကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၈ 


ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ က ကြီးမှူးကျင်းပသည့် ၁၃၈၄ခုနှစ် သီတင်းကျွတ် လပြည့်နေ့ အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော် မြတ်ကြီးအား  လျှပ်စစ်မီးစေတီများ  စုပေါင်းပူဇော် ဆက်ကပ်ပွဲကို ယနေ့ညပိုင်းတွင် ရွှေတိဂုံစေတီတော် ရင်ပြင်၌  ကိုဗစ်-၁၉   စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

 

ဦးစွာ   ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်း ဂေါပကအဖွဲ့ဝင် များနှင့် ဂေါပကရုံး ဝန်ထမ်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့်  ဘုရားဖူးလာ ပြည်သူများက  ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ   တန်ဆောင်း စုရပ်မှ  လျှပ်စစ်မီးစေတီများပင့်ဆောင်လျက် ရွှေတိဂုံစေတီတော် မြတ်ကြီးအား     လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။

 


လျှပ်စစ်မီး စုပေါင်းပူဇော်


ထို့နောက်  လျှပ်စစ်မီးစေတီ များ   စုပေါင်းပူဇော်ဆက်ကပ်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟု ထောင့် အောင်မြေ၌  ကျင်းပရာ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ အလှူရှင် များက “နမောတဿ”   သုံးကြိမ် ရွတ်ဆို  ဘုရားကန်တော့၍ အခမ်း အနားကို ဖွင့်လှစ်ကြပြီး “နီလာ နီလာ” အစချီသော မဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့်    ဂါထာဖြင့် ဘုရားရှင်ကို  ပင့်လျှောက်ခြင်း၊ “သောဝဏ္ဍိကံ”      အစချီသော ရွှေတိဂုံဘုရားရှိခိုး ဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာကပ်လှူပူဇော် ခြင်း၊ “ဘဂဝန်ဘုန်းလှိုင်” အစချီ သော မဟာပဋ္ဌာန်းတိုက်တွန်းလွှာ ဖြင့် ရွတ်ဆိုတိုက်တွန်းခြင်း၊ မဟာ ပဋ္ဌာန်းပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသ ပါဠိတော်ကို   ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေ၊ သာဓုခေါ်ဆို ခြင်းတို့ ဆောင်ရွက်ကြသည်။

 


ယင်းနောက် ဂေါပကအဖွဲ့ဝင် များ၊   ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့်    ဘုရားဖူးလာ ပြည်သူများက စုပေါင်း၍ ရွှေတိဂုံ စေတီတော်ရင်ပြင်တော် ပတ်လည် ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိ ပူဇော်         ဆက်ကပ်လှူဒါန်းကြ သည်။


သတင်းနှင့် ဓာတ်ပုံ - ဇော်မင်းလတ်(MNA)