သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ ပုသိမ်မြို့တာဝတိံသာဘုရားဆင်းပွဲတော်ကျင်းပ

 

ပုသိမ်  အောက်တိုဘာ  ၂၁


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တွင်   တာဝတိံသာဘုရားဆင်းပွဲ တော်ကို   ယနေ့  သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့  ညနေ ၆  နာရီက     ကုသိနာရုံဘုရားဝင်း အတွင်း   ကျင်းပသည်။  

 


ဤနေ့သည်  ဗုဒ္ဓဘာသာဝင် တို့  အလေးအမြတ်ပြုရာ    နေ့ထူး နေ့မြတ်ဖြစ်ပြီး  မြတ်စွာဘုရားရှင် သည်   တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ဖူးသော သန္တုဿိတ နတ်သားကို   အကြောင်းပြု၍ အဘိဓမ္မာခုနစ်ကျမ်းကို ဟောကြား တော်မူပြီး တာဝတိံသာနတ်ပြည် မှ  ပဝါရဏာပြု၍    နတ်ဗြဟ္မာ အပေါင်းခြံရံလျက်     ပတ္တမြား စောင်းတန်းမှ သင်္ကဿနဂိုရ်ပြည် သို့   ဆင်းသက်တော်မူသည့်နေ့ ဖြစ်သည့်အတွက် မြတ်စွာဘုရား ရှင်အား ရည်မှန်း၍ ဆီမီးများဖြင့်   ပူဇော်ဆင်ယင်     ကျင်းပခြင်း ဖြစ်ကြောင်း၊     ယခုနှစ်တွင် ကိုဗစ်-၁၉   ရောဂါ   ကန့်သတ် ချက်များကြောင့်   ဘုရားပွဲတော် ကို    ခမ်းနားစွာ   မကျင်းပနိုင် သော်လည်း နှစ်စဉ်ပြုမြဲအတိုင်း ဘုရားရှင်ကို ဆီမီး၊ ပန်း၊ ရေချမ်း များ    ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

 


ကုသိနာရုံဘုရားဝင်းအတွင်းတွင်ဘုရားဖူး ဆီမီးပူဇော်သူများ ကို  စတုဒိသာကျွေးမွေးလှူဒါန်း ခြင်းများရှိပြီး စက်တော်ရာဘုရား တွင်လည်း    ဆီမီးတစ်ထောင် ပူဇော်ခြင်းနှင့် မုန့်ဖက်ထုပ်များ ပေးဝေလှူဒါန်းခြင်းများကို ယနေ့ ညတွင် အလှူရှင်အသီးသီးတို့ကပြုလုပ်လျက်ရှိကြောင်း တွေ့မြင် ခဲ့ရသည်။  ထို့အပြင် ပုသိမ်မြို့ရှိ ရွှေမု‌ဋ္ဌော  မဟာစေတီတော်မြတ် နှင့် စက်တော်ရာဘုရား၊ ကုသိနာရုံ ဘုရားဝင်းတို့တွင် ဆီမီးကပ်လှူ ပူဇော်သူများဖြင့် စည်ကားလျက် ရှိနေကြသည်။

မြင့်ဟန်(ပြန်/ဆက်)