သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် သွားရောက်ဖူးမြော်

 

ညောင်ရွှေ    ဒီဇင်ဘာ   ၁၉


ညောင်ရွှေမြို့   ကန်ကြီးပရိယတ္တိစာသင်တိုက်၌   ရောက်ရှိနေသည့် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရအား ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်ဇနီး၊  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်   တာဝန်ရှိသူများသည်    ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြသည်။

 


ယင်းနောက်    သီတဂူသာသနာပြုလုပ်ငန်းများ    ဆောင်ရွက်ရန် အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း ၅၀နှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ တာဝန် ရှိသူတစ်ဦးက   လက်ခံရယူပြီး   ဆရာတော်ကြီးမှ   သြဝါဒစကားနှင့် အနုမောဒနာတရားဟောကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်း လောင်း အမျှပေးဝေခဲ့ကြောင်း သိရသည်။ 


မောင်မောင်သန်း(တောင်ကြီး)