
ကိုလံဘို အောက်တိုဘာ ၂၅
ကိုဗစ်-၁၉ လျင်မြန်စွာ ကူးစက်ပျံ့နှံ့မှုကြောင့် လပေါင်းအတော်ကြာ ပိတ်ထားခဲ့ရသော သီရိလင်္ကာနိုင်ငံ တစ်ဝန်းရှိ မူလတန်းကျောင်းများ အောက်တိုဘာ ၂၅ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားလိုက်သည်။
ကျောင်းသားများ ဘေး အန္တရာယ်ကင်းရန် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျန်းမာ ရေးဆိုင်ရာ ကြိုတင်ကာကွယ်မှု များကို ဆောင်ရွက်ထားသည် ဖြစ်ရာ တစ်တန်းမှ ငါးတန်းအထိ ကျောင်းသားများကို သက်ဆိုင်ရာ ကျောင်းများတွင် ပြန်လည် တက်ရောက်ရန် အသိပေးထား ကြောင်း သိရသည်။
အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက မိဘများသည် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်စေ လျက် ကျောင်းသားများကို ကျောင်းသို့ လာရောက်ပို့ကြသည်။ သက်ဆိုင်ရာ တာဝန်ကျ ဆရာ ဆရာမများက ကျောင်းဝင်ပေါက် တွင် ကျောင်းသားများအား စစ်ဆေးကြပ်မတ်ပြီး ကိုယ်ပူချိန် တိုင်းတာခြင်းနှင့် လက်ဆေးစေ ပြီးမှသာ အတန်းထဲသို့ ဝင်စေ သည်။
စာသင်ခန်းတွင် တစ်ယောက် နှင့် တစ်ယောက် တစ်မီတာ အကွာဖြင့် စာသင်ကြားကြရပြီး တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းကို ရှောင်ရှားကြရကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
မကြာသေးမီ သီတင်းပတ်များ အတွင်း ကိုဗစ်-၁၉ ကူးစက်မှု ကျဆင်းလာကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောသည်။
သို့သော်လည်း ပြည်သူများ အား သတိဖြင့် ဆက်လက်နေထိုင် ကြရန် တိုက်တွန်းပြောကြားထား သည်။
သီရိလင်္ကာနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၅၃၆၀၈၄ ဦး ရှိပြီး သေဆုံးသူပေါင်း ၁၃၆၁၁ဦး ရှိသည်။
ဆင်ဟွာ