သီရိလင်္ကာနိုင်ငံ၌ အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှု ဇန်နဝါရီ ၇ ရက်တွင် စတင်မည်

ကိုလံဘို  ဇန်နဝါရီ  ၆


သီရိလင်္ကာနိုင်ငံအတွင်းရှိ    အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ်များအား      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးမှုကို  ဇန်နဝါရီ ၇ ရက်တွင် စတင်မည်ဖြစ်ကြောင်း    သီရိလင်္ကာကျန်းမာရေး ဝန်ကြီးရမ်ဘူကွီလာက    ဇန်နဝါရီ ၅ ရက်တွင် ပြောကြားသည်။


ပြောကြား


အဆိုပါ အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသုံးပြု သွားမည်ဖြစ်ကြောင်းလည်း  သီရိလင်္ကာကျန်းမာရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူများက ပြောကြား သည်။


သီရိလင်္ကာနိုင်ငံ၌   နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး    ထိုးနှံမှုအစီအစဉ်တွင် AstraZeneca၊ Pfizer၊ Moderna၊ Sputnik V ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးနှင့်  တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသုံးပြုခဲ့ခြင်းဖြစ်သည်။


နှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်


လက်ရှိတွင်   သီရိလင်္ကာနိုင်ငံ၌  နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး    နှစ်ကြိမ် ထိုးနှံမှုခံယူပြီး
ဖြစ်ကြောင်း  သီရိလင်္ကာနိုင်ငံ  ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။ 


ကိုးကား-ဆင်ဟွာ
 ဘာသာပြန်-အလင်းသစ်