
သီပေါ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ်တွင် (၁၂၅) ကြိမ်မြောက် မဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူ ဇနိယပွဲတော်နှင့် မြို့နယ်လုံး ကျွတ် သံဃာ့ဒါန ဆွမ်းတော်ကြီး လောင်းလှူပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သော် လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရိုးရာအစဉ် အလာမပျက်သာ ကျင်းပခြင်း ဖြစ်ကြောင်း မဟာမြတ်မုနိ ဘုရားကြီး ပဓာနနာယက ဆရာတော် အရှင်ပညာသီရိက မိန့်ကြား၍ သိရသည်။
မဟာမြတ်မုနိ ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက် က ဘုရားကြီးအရှေ့မုခ်၌ ကျင်းပ ရာ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တမိလိန္ဒ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားတော်နှင့် ငါးပါးသီလခံယူ ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြ သည်။
စိုင်း(သီပေါ)