သီပေါမြို့နယ်၌ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းပြသ

 

သီပေါ ဒီဇင်ဘာ ၂၉


(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နယ် ပြန်ကြားရေးနှင့်   ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏   စီစဉ် ဆောင်ရွက်မှုဖြင့် စာအုပ်စာစောင် ဓာတ်ပုံပြပွဲကို       ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု    ဗဟိုဌာနခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အပြင်    လူစည်ကားရာ မန္တလေး-သီပေါ-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးရုံးရှိ       ဆိုင်းဘုတ်၌လည်း ပြည်သူများ အသိပညာဗဟုသုတ များရရှိစေရန်၊ စာပေအနှစ်သာရ ကို သိရှိစေရန်တို့အပြင် လွတ်လပ် ရေးနေ့ဖြစ်ပေါ်လာပုံ      သမိုင်း ကြောင်းနှင့်        ယနေ့လူငယ်    နောင်ဝယ်လူကြီး ဖြစ်လာကြမည့်      ကျောင်းသား ကျောင်းသူ လူငယ် မောင်မယ်များအနေဖြင့် လွတ်လပ် ရေးကို မြတ်နိုးတန်ဖိုးထားတတ် စေရန်နှင့် ကာကွယ်စောင့်ရှောက် တတ်စေရန် စသည့်ရည်ရွယ်ချက် များဖြင့် အသိပညာပေးစာစောင် များ   ပြသထားရာ   လာရောက် လေ့လာကြည့်ရှုသူများဖြင့် စည် ကားလျက်ရှိသည်ကို ယမန်နေ့က တွေ့မြင်ခဲ့ရသည်။

 


စိုင်း(သီပေါ)