
သီပေါ ဩဂုတ် ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်) လများအတွက် MCCT အစီအစဉ်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ် ခြင်းအခမ်းအနားကို ဩဂုတ် ၂၉ ရက်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်စမ်းစမ်း သွယ်က MCCT အစီအစဉ်ဖြင့် အကျိုးခံစားခွင့်ရရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများအား ထောက်ပံ့ငွေပေးအပ်ရခြင်းကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စု ၇၈ အုပ်စုမှ ကိုယ်ဝန်ဆောင် မိခင် ၁၅၃၈ ဦး၊ နှစ်နှစ်အောက်ကလေးသူငယ် ၄၁၀၂ ဦး စုစုပေါင်း ၅၆၄၀ အတွက် ထောက်ပံ့ကြေးငွေကျပ် ၂၄၁၀၃၅၀၀၀ ကိုသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ပေးအပ်သည်။
စိုင်း(သီပေါ)