သီပေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး

 

သီပေါ   အောက်တိုဘာ  ၂၃


ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါ ကွင်းဆက်ပြတ်တောက် ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့်     အရေးပေါ် တုံ့ပြန်ရေးကော်မတီ   ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ      ကြီးကြပ်မှုဖြင့် တိုင်းရင်းသားပြည်သူများ၊ ရဟန်း သံဃာတော်များ၊     သာသနာ့ နွယ်ဝင်သီလရှင်များနှင့်ဦးစားပေး အုပ်စုတွင်     ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး  ဒုတိယ အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက     စုရပ်ဖြစ်သော မြို့တော်ခန်းမ၌ ထိုးနှံပေးလျက် ရှိသည်။ 

 


အဆိုပါ    ဒုတိယအကြိမ် ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို          မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်း၊ မြို့နယ်ကျန်းမာရေး  ဦးစီးဌာနမှ တာဝန်ရှိသူများ၊    ဌာနဆိုင်ရာ တာဝန်ရှိသူများက   လှည့်လည် ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ကူညီ‌ဆောင်ရွက်ပေးသည်။ 

 


ထို့ပြင် သီပေါမြို့နယ်အတွင်း ရှိ အခြေခံပညာ အထက်တန်း ကျောင်း၊ အခြေခံပညာအလယ် တန်းကျောင်းတို့မှ  ကျောင်းသား ကျောင်းသူ   ၅၁၄ ဦးကို   ကိုဗစ်- ၁၉  ကာကွယ်ဆေး   ထိုးနှံပေး ခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများကိုလည်း  ဆက် လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။              

စိုင်း(သီပေါ)