
သီပေါ နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေး ပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့တော်ခန်းမ၌ စုရပ်ထားကာ ယနေ့စတင်၍ ထိုးနှံပေးလျက်ရှိ ရာ ဆေးလာရောက်ထိုးနှံသူ များပြားကြောင်း သိရသည်။
ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော် အရှင်သူ မြတ်များ၊ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး ဆရာလေးများ၊ လူမျိုးဘာသာမရွေးအသက် ၁၈ နှစ်အထက် ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ဒေသခံပြည်သူများအား မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ကြက်ခြေနီ မောင်မယ်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၄၈၅ ဦးကို ထိုးနှံပေးလျက်ရှိသည်
ထို့အပြင် မိုးတေကျေးရွာ အုပ်စုနှင့် ဆွန်လုံကျေးရွာများ မှ ဘိုးတော်ကျောင်းတိုက် တွင် လာရောက်ခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ ၅၈ဦးကို လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စိုင်း(သီပေါ)