
သီပေါ အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် အမှတ်(၁/၂) အခြေခံ ပညာအထက်တန်းကျောင်းနှင့် နမ့်လန်- ဆောင်ကြဲကျေးရွာ အုပ်စု အထက်တန်းကျောင်းများ၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ကို တတိယနေ့အဖြစ် ယမန်နေ့က ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ယင်းထိုးနှံပေးသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးမှာ Sinovac အမျိုးအစား ဖြစ်ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံ သည့် ကျောင်းသား ကျောင်းသူများအတွက် လက်ဆေးဘေစင် များ၊ လက်သန့်ဆေးရည်များထားရှိပေးခြင်း၊ သွေးပေါင်ချိန်နှင့် ကိုယ်ပူတိုင်းတာခြင်းများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးသည်။
အဆိုပါ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်း၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာမျိုးအောင်နှင့် တာဝန် ရှိသူများ ကြည့်ရှုအားပေးကာ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများရှိ ကျောင်းသား ကျောင်းသူ ၅၁၄ ဦးအား ထိုးနှံပေးပြီး ကျန်ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းထံမှ သိရသည်။
စိုင်း
(သီပေါ)