သီပေါမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိ

 

သီပေါ အောက်တိုဘာ ၂၂


ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်အေးမင်း စန္ဒာထွေးနှင့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို စိတ်အေးချမ်းသာစွာဖြင့်  စောစီးစွာထုတ်ယူနိုင်ရန်   ယနေ့နံနက် ၇ နာရီမှစတင်ကာ ထုတ်ပေးလျက်ရှိသည်။ 

 


ထိုသို့ပင်စင်လစာငွေများ ထုတ်‌ပေးရာတွင်   မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ဘဏ်အဝင်တံခါးပေါက်ရှေ့၌ ကိုယ်ပူချိန်တိုင်းတာခြင်း၊  လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ နှာခေါင်းစည်း တပ်ဆင်စေခြင်းနှင့်  နှာခေါင်းစည်းမပါရှိသူများအား   အခမဲ့ပေး၍   နှာခေါင်းစည်း တပ်ဆင်ပြီးမှသာ ရုံးအတွင်းသို့ ဝင်ရောက်စေကြောင်း ငွေသွင်းငွေထုတ်ပြုရာတွင် တစ်ဦး နှင့်တစ်ဦး  ခြောက်ပေကွာလျက်  ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


သီပေါမြို့နယ်   မြန်မာ့စီးပွားရေးဘဏ်တွင်  လစာထုတ်ယူသူ  အငြိမ်းစားဝန်ထမ်း ၁၂၅၉ ဦးရှိပြီး ၎င်းတို့ကို လစဉ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။                  

စိုင်း(သီပေါ)