
သီပေါ မေ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး နေ့ သီတင်းပတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင် စိုးဝင်းက အမှာစကားပြောကြား ပြီး မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက ကျောင်းအပ်နှံရေး နှင့် ပတ်သက်၍ ကျောင်းသားမိဘ များနှင့် ကျောင်းသား ကျောင်းသူ များအား ရှင်းလင်းပြောကြားကာ စာအုပ်များကို အခမဲ့ပေးအပ်သည်။
ဆက်လက်၍ အစိုးရငွေစုငွေ ချေးသမဝါယမအသင်းက အခြေခံ ပညာ မူ၊ လယ်၊ ထက်အဆင့် အတွက် ငွေကျပ်သိန်း ၄၀၊ တက္ကသိုလ်၊ ကောလိပ် ကျောင်းသား ကျောင်းသူများအတွက် ငွေကျပ် သိန်း ၃၀ စုစုပေါင်း ငွေကျပ်သိန်း ၇၀ကို အသင်းဥက္ကဋ္ဌက မြို့နယ် ပညာရေးမှူးထံ ပေးအပ်လှူဒါန်း သည်။
ထို့နောက် အခြေခံပညာ ကျောင်းများ သန့်ရှင်းသာယာလှပ ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားတတ် သော ရောဂါများ ကြိုတင် ကာကွယ်နိုင်ရန် အ.ထ.က(၁)တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးဝင်း ဦးဆောင် သောအဖွဲ့၊ အ.ထ.က(၂) တွင် တပ်နယ်မှူးဗိုလ်မှူး အောင်နွယ်လင်း ဦးဆောင်သောအဖွဲ့၊ အ.ထ.က(၃)တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မြင့်မြတ် ဦးဆောင်သော ဌာနဆိုင်ရာများနှင့် ရပ်ကွက်ပြည်သူ များ ပါဝင်သော အင်အား ၅၀၀ခန့် တို့က ပြည်သူ့အကျိုးပြုလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ကြ ကြောင်း သိရသည်။
စိုင်း(သီပေါ)