သီပေါမြို့၌ ကျန်းမာရေးအထောက်အကူပြုအားကစားပစ္စည်းများ ရပ်ကွက်နှင့် ကျေးရွာများသို့ အခမဲ့ထောက်ပံ့

 

သီပေါ ဒီဇင်ဘာ  ၂၃


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နယ်  အားကစားနှင့်  ကာယ ပညာဦးစီးဌာနအနေဖြင့် ဆောင်း ရာသီကာလတွင်    ကိုယ်လက် လှုပ်ရှား     ကျန်းမာရေးအတွက် မြို့ပေါ်နှင့်    ကျေးလက်ဒေသမှ အခြေခံပညာ     ကျောင်းများ၊ ကျေးလက်ရှိ  ဘောလုံးအသင်း များကို   ကျန်းမာရေးအထောက် အကူပြု   အားကစားပစ္စည်းများ အခမဲ့ ကွင်းဆင်းသွားရောက်ပံ့ပိုးပေးလျက်ရှိသည်။

 


အဆိုပါ   အားကစားပစ္စည်း များကို    တိန်းချေတိန်းစံကျေးရွာ အုပ်စု      နောက်ကပ်ကျေးရွာ ရွှေတောင်စာကြည့်တိုက်အသင်း ဝင် လူငယ်မောင်မယ်များအတွက် ယနေ့နံနက်ပိုင်းတွင်    မြို့နယ် အားကစားနှင့် ကာယပညာဦးစီး ဌာန ဦးစီးမှူး ဒေါ်သန်းရွှေမာနှင့် တာဝန်ရှိသူများက    ရွှေတောင် ကျေးလက်       စာကြည့်တိုက် တာဝန်ခံစာရေးဆရာ ဇာဏီဟိန်း (သီပေါ)ထံသို့ ကျေးရွာကျန်းမာ ရေး အထောက်အကူပြု ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံးများ ကူညီ ပေးအပ်ခဲ့ကြောင်း သိရသည်။


စိုင်း(သီပေါ)