သီးနှံများ ပိုမိုထွက်၍ တောင်သူတွေ ဝင်ငွေတိုးနေပြီ

Type
7

 

K ဇင်သစ်(မန်းတက္ကသိုလ်)
 

လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် အချိန်တိုအတွင်း ဝင်ငွေဖြစ်ထွန်းမှု ပိုမိုရရှိစေနိုင်သည်မှာ လက်တွေ့ဆန်လှပါသည်။ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သီးထပ်သီးညှပ်များ ပိုမိုစိုက်ပျိုးနိုင်ပါက သီးနှံထွက်ကုန်များ ပိုမိုလာမည်ဖြစ်ပေသည်။ လယ်ယာထွက်ကုန်သီးနှံများ အထွက်နှုန်းတိုး၍ ပိုမိုထွက်ရှိလာပါက ပြည်သူများ စားရေးဖူလုံပြည့်စုံစေမည့်အပြင် ပိုလျှံသောသီးနှံများကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိနိုင်မည်လည်းဖြစ်ပေသည်။ 
“မျိုး၊ မြေ၊ ရေ၊ နည်း”  ဟန်ချက်ညီညီ
ခေတ်အဆက်ဆက် တောင်သူလယ်သမားများ အတွက် စိုက်ပျိုးရေးဆိုင်ရာဗဟုသုတများ  ဖြန့်ဝေ ပေးပြီး စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသော်လည်း ဝမ်းစာ ဖူလုံရုံဖြင့်သာ ကျေနပ်နေသူများလည်း ရှိနေကြပါ သည်။ စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ လက်ရှိ အနေအထားထက်ပိုမို၍ ကြိုးစားဆောင်ရွက်လာစေ ရန်နှင့်   အထွက်နှုန်းတိုး၍   ဝင်ငွေများ ပိုမိုရရှိလာ အောင် အားသွန်ခွန်စိုက်   ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့်  အစိုးရပိုင်းဆိုင်ရာ ဌာနများအနက်မှ ဝန်ကြီးဌာနတစ်ခုမှာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဖြစ်ပါသည်။
“မျိုး၊ မြေ၊ ရေ၊ နည်း”  ဟန်ချက်ညီညီ စိုက်ထုတ် ရင်းနှီးထည့်ဝင်ခြင်းဖြင့် နိုင်ငံအတွက် စိုက်ပျိုးရေး ကဏ္ဍမှ စီးပွားရေးအညွှန်းကိန်း မြင့်မားနေမည်က ဧကန်မလွဲပါ။  ရေခံမြေခံကောင်းသောစိုက်ပျိုးမြေကို ပိုင်ဆိုင်ခွင့်ရရှိထားသော ကျေးလက်တောင်သူ များအနေဖြင့်      အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ  သုံးစွဲလာနိုင်ရေး၊   လယ် တစ်ဧကစိုက်ပျိုးမှုချင်းအတူတူ   အထွက်နှုန်းတိုး သည့်  မျိုးကိုစိုက်ပါက ပန်းတိုင်အထွက်နှုန်းပြည့်မီ ခြင်း၊ အချို့နေရာများတွင် ယင်းထက် ပိုမိုထွက်ရှိခြင်း များကို တောင်သူတွေ လက်ငင်းခံစားနေကြရပြီဟု ဆိုချင်ပါသည်။
“တောင်သူများအနေဖြင့် ထွန်ယက်ရမည့်အချိန်၊ စိုက်ပျိုးရမည့်အချိန်၊       ပေါင်းသင်ရမည့်ကာလ၊ သွင်းအားစုထည့်ရမည့်အချိန်၊ ရိတ်သိမ်းခူးဆွတ်ရ မည့်ကာလများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက် ကြရန်  စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံပွဲများတွင်  ပြည်ထောင်စု ဝန်ကြီးက အမြဲမှာကြားဆွေးနွေးမှုများ ပြုလုပ်ခဲ့ ခြင်းကြောင့် တောင်သူများက လိုက်နာဆောင်ရွက် လာကြခြင်းနှင့်အတူ လယ်ယာထွက်ကုန်သီးနှံများ အထွက်တိုးလာသည်ကို ကြားသိနေရ၍ တောင်သူ ကိုယ်စီ ဝင်ငွေပိုမိုရရှိနေကြပြီလည်းဖြစ်ပါသည်။
မြေယာပြုပြင်ခြင်း၊ ကောက်စိုက်စက်များဖြင့်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြွေလှေ့ရာတွင် ခေတ်မီစက် ကိရိယာများကို အသုံးပြုနိုင်ရန် လယ်ယာဝန်ဆောင် မှု     သရုပ်ပြရှင်းလင်းပွဲများတွင်  တောင်သူများ လိုအပ် သော    ခေတ်မီလယ်ယာသုံးစက်ကိရိယာများ ကျယ်ပြန့်စွာသုံးစွဲနိုင်ရေးနှင့်        တောင်သူများ ကိုယ်တိုင် စက်ပိုင်ဖြစ်ရေး ကူညီပံ့ပိုးပေးနေခြင်းများ ကြောင့်လည်း စိုက်ပျိုးရာသီအချိန်မီ စိုက်ပျိုးနိုင်ခြင်း နှင့် လေလွင့်မှုနည်းပြီး အချိန်မီရိတ်သိမ်းနိုင်အောင် ဝန်ကြီးဌာနမှ   ကြီးကြပ်လမ်းညွှန်မှုပေးခဲ့ခြင်း၏ ရလဒ်ကောင်းကို တောင်သူတွေ ခံစား၊ စံစားနေကြရ ပြီဟု သိရှိရပါသည်။ 
ပြည်သူလူထုအခြေပြု သမဝါယမအသင်းများ
သမဝါယမဦးစီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းများကို အမှန်တကယ် စိုက်ပျိုးမွေးမြူသူများ၊  စုပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးဖြစ်ထွန်းအောင်   ဖော်ဆောင်ပေးနေသည့် သမဝါယမသဘောတရားများကို ယုံကြည်လက်ခံသူ များဖြင့် အစုအဖွဲ့များစုဖွဲ့ပြီး ပြည်သူလူထုအခြေပြု သမဝါယမအသင်းများ  ဖွဲ့စည်းပေးကာ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ     တိုးတက်မြင့်မားလာအောင် ဆောင်ကြဉ်းပေးနေခြင်းကြောင့်လည်း     လယ်ယာ ထွက်ကုန်သီးနှံများ      ပိုမိုထွက်ရှိလာနေသည်ဟု ယူဆနိုင်ပါသည်။
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကျေးရွာများသို့ ကွင်းဆင်းပြီး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက် ကို    တတ်စွမ်းသမျှ   ကူညီပံ့ပိုးပေးလျက်ရှိရာ စိုက်ပျိုးရေးအတွက် လိုအပ်သော မျိုးနှင့် သွင်းအားစု များ    အချိန်မီရရှိနိုင်ရေး၊   မိုးစပါးစိုက်ပျိုးပြီးပါက ဆောင်းသီးနှံ/  ဆီထွက်သီးနှံ   စိုက်ပျိုးနိုင်ရေး၊ ပဲတီစိမ်း/  နွေစပါး    အချိန်မီစိုက်ပျိုးနိုင်ရေးတို့ကို သမဝါယမအသင်းသား တောင်သူများထံမှ အချက် အလက်များရယူပြီး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ခြင်းကြောင့် သီးနှံများပိုမိုထွက်ရှိကာ တောင်သူများ ဝင်ငွေပိုမိုရရှိနေကြသည်ဟု ကြားသိရ၍  ဝမ်းသာ ပီတိဖြစ်မိပါသည်။
၁-၄-၂၀၂၄ ရက်က ဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌  “၂၀၂၃-၂၀၂၄ ခုနှစ်  ပဲတီစိမ်း၊  နွေစပါး၊ မိုးစပါး စီမံကိန်းဆောင်ရွက်ခဲ့မှု    အခြေအနေများ အပေါ် အားသာချက်၊ အားနည်းချက်များကို သုံးသပ် အဖြေရှာခြင်းနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ဆဲ ဖြစ်သည့် ဆောင်းသီးနှံ၊ နွေစပါး စီမံကိန်းလုပ်ငန်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ဝါသီးနှံနှင့် မိုးစပါးစီမံကိန်းလုပ်ငန်းများအပေါ် ကြိုတင်စီမံဆောင်ရွက် မည့်   အစီအမံများနှင့်ပတ်သက်၍   လုပ်ငန်းညှိနှိုင်း အစည်းအဝေး”ကို ကျင်းပခဲ့ပါသည်။ 
ပြည်ထောင်စုဝန်ကြီး၏  လမ်းညွှန်ချက်များ
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က    သမဝါယမကဏ္ဍမှ   နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရယူပြီး သီးနှံအထွက်တိုးအောင် ဆောင်ရွက် ပေးနေခြင်းကို  ယခုထက် ပိုမိုကြိုးစားဆောင်ရွက် ကြရန်လိုကြောင်း ၊ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သီးနှံများကို   စဉ်ဆက်မပြတ်  စိုက်ပျိုးနိုင်အောင် စီမံကိန်းချပြီး    လုပ်ရန်လိုကြောင်း၊    ဈေးကွက်ဝင် သီးနှံများကို စနစ်တကျစိုက်ပျိုးခြင်းဖြင့် တောင်သူစိတ်ကြိုက်စိုက်ပျိုးနိုင်ရေး သမဝါယမက ကူညီပေး သွားရမည်ဖြစ်ကြောင်း၊          မျိုးကောင်းမျိုးသန့် အထွက်နှုန်းတိုးသည့်မျိုးများ      ရရှိနိုင်ရန်နှင့် လိုအပ်သောသွင်းအားစု  ဓာတ်မြေဩဇာ၊ သဘာဝ မြေဩဇာ၊   ဆေးဝါးအမျိုးမျိုးတို့ကို   တောင်သူ လက်ဝယ်     အချိန်မီရောက်ရှိနိုင်ရန်       ကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊  စိုက်နည်းစနစ် နှင့်ပတ်သက်၍    စိုက်ပျိုးရေးဌာနနှင့်   ချိတ်ဆက် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအနေဖြင့် ကိုယ်တိုင် သိရှိဆောင်ရွက်ပြီး   နည်းပညာများ   ပံ့ပိုးပေးရန်၊ စိုက်ပျိုးရေရရှိရေးအတွက်    ဆည်မြောင်းဌာနနှင့် ညှိနှိုင်းပေါင်းစပ်ကြရန်နှင့်     အချို့နေရာများတွင် မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးနိုင်အောင် ကူညီ ပေးပြီး   ရာသီမရွေး   သီးနှံများစိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့်    လယ်ယာထွက်ကုန် သီးနှံများ ပိုမိုထွက်ရှိလာကာ  ကျေးလက်မှာရှိသည့် တောင်သူများ  ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ အချို့နေရာများတွင် ပန်းတိုင် အထွက်နှုန်းပြည့်မီပြီး အချို့နေရာများတွင်  လျော့နည်းခြင်းကို  စစ်တမ်း ကောက်ယူရန်လိုကြောင်း၊ သွင်းအားစုထည့်ရမည့် အချိန်မှာ  မထည့်၍လား၊  လိုအပ်သည့်ပမာဏကို  မထည့်၍လား၊ ရေသွင်းရမည့်အချိန်၊ ဖောက်ထုတ် ရမည့်ကာလမှာ    မလုပ်၍လား၊    ရေကြီး၍လား၊ သဘာဝဘေးကြောင့်လား   စိစစ်ပြီး အားနည်းချက်၊ အားသာချက်များကို   ဖော်ထုတ်ကာ  သီးနှံအထွက် တိုးအောင်      ဦးစီးဌာနနှင့်     သမဝါယမအသင်း အဆင့်ဆင့်တို့က ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးကြ ရန်နှင့် လက်တွေ့မြေပြင်ကွင်းဆင်းမှု  အကြိမ်ကြိမ် ပြုလုပ်ပြီး    တောင်သူများ၏   လိုအပ်ချက်များကို ကူညီဆောင်ရွက်ကြရန်ဟု  လမ်းညွှန်မှာကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီး၏  လမ်းညွှန်ချက်များနှင့်အညီ သမဝါယမကဏ္ဍမှ   လက်တွေ့ကျကျ   ဖော်ဆောင် လျက်ရှိနေသည်ဟု ကြားသိရ၍ ဝမ်းသာဂုဏ်ယူမိ ပါသည်။
တောင်သူများလိုအပ်သည့်  သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့
ဝန်ကြီးဌာန၏     ကြီးကြပ်ဆောင်ရွက်မှုဖြင့် သမဝါယမအသင်းများက ကြိုးပမ်းဆောင်ရွက်နိုင် ခဲ့မှုကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်     ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်မှုစီမံကိန်း၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု စီမံကိန်းနှင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းတို့တွင်    တောင်သူများလိုအပ်သည့်  သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့်        သီးနှံများ ထွက်ရှိမှုအနေဖြင့်     ယခင်နှစ်ထက်    တစ်ဧက အထွက်နှုန်းပိုမိုထွက်ရှိသည်ကို        တောင်သူများ လက်တွေ့ရရှိနေကြပြီဟု ကြားသိရပါသည်။
အမှန်တကယ် ကြိုးစားလုပ်ကိုင်ပါက ဝင်ငွေ များ   အမှန်တကယ်    ပိုမိုရရှိနိုင်မည်ဖြစ်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် သမဝါယမအသင်း များက ဝိုင်းဝန်းပေါင်းစပ် ကူညီဆောင်ရွက်ပေးခြင်း ဖြင့် ကျေးလက်နေတောင်သူများ လက်ငင်းအကျိုး ခံစားနေရသည်ကို       တွေ့မြင်နေရပြီဖြစ်ပါသည်။ ဆက်စပ်ဌာနများနှင့်  အနီးကပ်ချိတ်ဆက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် တောင်သူများ စိုက်ပျိုးထွက်ရှိလာသောသီးနှံများကို   ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့်          အလှပေါ်အယဉ်ဆင့် ဆိုသလို အထွက်နှုန်းလည်းတိုး၊ ဈေးကောင်းလည်း ရ၍  ယင်းတို့၏   လူမှုစီးပွားဘဝများ    ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်တော့မည်ဟု ယုံကြည်နေမိပါသည်။
အချုပ်အားဖြင့်ဆိုရလျှင်  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ    (ပြည်ထောင်စု/   တိုင်းဒေသကြီး၊ ပြည်နယ်)၊         သမဝါယမအသင်းပိုင်ငွေကြေး၊ နိုင်ငံတော်ဘတ်ဂျက်  ခွင့်ပြုငွေတို့ဖြင့်  သမဝါယမ အသင်းသား    တောင်သူများ၏   စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို  တိုးချဲ့ဆောင်ရွက်နိုင်ရန် သမဝါယမဦးစီးဌာနနှင့်       သမဝါယမအသင်း အဆင့်ဆင့်တို့က လက်တွဲညီညီ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြခြင်း၊ ဝန်ကြီးဌာနအောက်ရှိ ဆက်စပ်ဦးစီးဌာနများနှင့်   ချိတ်ဆက်ဆောင်ရွက် ခြင်းတို့ဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုခြင်း၊ ပြည်သူများ စားရေရိက္ခာလုံလောက်စွာရရှိခြင်း၊ ပို့ကုန်ပိုမိုတင်ပို့နိုင်၍ နိုင်ငံခြားဝင်ငွေတိုးမြင့်ရရှိခြင်းတို့ကို ဖော်ဆောင်နေခြင်း နှင့်အတူ  သီးနှံများပိုမိုထွက်ရှိ၍   တောင်သူများ အားလုံး    ဝင်ငွေကိုယ်စီ     ပိုမိုရရှိလာကြကာ ကျေးလက်စီးပွား တိုးတက်တောင့်တင်းခိုင်မာလာခြင်းမှသည် နိုင်ငံစီးပွားမြင့်မားရေးကို သမဝါယမ ကဏ္ဍက ပိုမိုဆောင်ကြဉ်းပေးနိုင်မည်ဟု  ယုံကြည် နေမိပါကြောင်း ရေးသားလိုက်ရပါသည်။           ။
ကိုးကား- သမဝါယမဦးစီးဌာန၏ စာရင်းအချက် အလက်များ။