သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာ စာတမ်းရှင်းလင်းဆွေးနွေး

 

ရန်ကုန်   စက်တင်ဘာ   ၂၉


မြန်မာနိုင်ငံ၏ စိုက်ပျိုးမှုပတ်ဝန်းကျင်ဇုန်များအရ သီးနှံအမယ်စုံစိုက်ပျိုးရေးဆိုင်ရာ  စာတမ်းရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌  ပြုလုပ်သည်။ 


ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးလှစိုးက တိုင်းဒေသကြီးနှင့်    ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများကို  လုပ်ဆောင်နေကြသည့် တောင်သူများအနေဖြင့် စပါးအပါအဝင်  သီးနှံမျိုးစုံ စိုက်ဧကများကို တိုးချဲ့ပြီး   တစ်ဧကအထွက်နှုန်း တိုးအောင်စိုက်ပျိုးကြရန်၊ ဇုန်အလိုက် စိုက်ပျိုးဖြစ်ထွန်း နိုင်မည့်သီးနှံများကို ရွေးချယ်စိုက်ပျိုးနိုင်ရန်နှင့် မွေးမြူ ရေးလုပ်ငန်းကိုပါ တွဲဖက်ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးက   စိုက်ပျိုးရေးဖြင့်   စီးပွားရေး လုပ်ဆောင်နေကြသော   လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့က လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးမည့် အစီအစဉ်များကို     ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူး ဦးမြင့်ဆွေက မြန်မာနိုင်ငံ၏ စိုက်ပျိုးမှုပတ်ဝန်း ကျင် ဇုန်များအရ  သီးနှံအမယ်စုံစိုက်ပျိုးရေးဆိုင်ရာ စာတမ်းကို အသေးစိတ် ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြသည်။     


ဆန်းကျော်ဦး(ပြန်/ဆက်)