သီကျူးနွှဲပျော် တန်ဆောင်တိုင်ပွဲတော် တေးဂီတဖျော်ဖြေမှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   နိုဝင်ဘာ   ၁၀


“သီကျူးနွှဲပျော် တန်ဆောင်တိုင်ပွဲတော်” တေးဂီတဖျော်ဖြေမှု  ပွဲစဉ်(၇)ကို  နိုဝင်ဘာ ၁၂ ရက် (သောကြာနေ့)   ည ၈ နာရီ   သတင်းအပြီး တွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌  ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 

 


ယင်းအစီအစဉ်ကို “စန္ဒရား ဘိုတာထွန်းညွန့် တေးဂီတအဖွဲ့” ၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့်  အိအိချွန်၊ ကျော့ကေခိုင်၊ မြတ်နိုးစံ၊ ကောင်းမြင့်စံ၊ ကိုထက်၊ ကျော်ထက်လွင်၊ သဲဦးသစ္စာ၊ ပြည်မိုး၊ ပွင့်စံပယ်နှင့် ဟိန်းဇော်လင်းတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။ 

 


“သီကျူးနွှဲပျော် တန်ဆောင်တိုင်ပွဲတော်” တင်ဆက်မှုကို နိုဝင်ဘာ  ၁၄ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။                     

သတင်းစဉ်