သွေးထွက်သံယိုကိစ္စရပ်များကို ရှောင်ရှားရန် နိုင်ငံတွင်းမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း အာဖဂန်သမ္မတ ဂါနီပြော

 

ဒူဘိုင်း သြဂုတ် ၁၉ 


သူ့ကို   ကဘူးလ်က   ထွက်ခွာစေ ခဲ့ကြောင်း၊      သူ့အနေဖြင့်လည်း သွေးထွက်သံယို   ကိစ္စရပ်များကို ရှောင်ရှားရန်အတွက်      နိုင်ငံ အတွင်းမှ   ထွက်ခွာရန်ဆုံးဖြတ်ခဲ့ ကြောင်း   အာဖဂန်သမ္မတ မိုဟာ မက်  အာရှရက်ဖ်ဂါနီက သြဂုတ် ၁၈ ရက် ညက   ပြောကြားလိုက် သည်။
အာဖဂန်သမ္မတ     ဂါနီက အာရပ်စော်ဘွားများ ပြည်ထောင် စု(ယူအေအီး) မှနေပြီး ဖေ့စ်ဘွတ်ခ် မှ တိုက်ရိုက်ထုတ်လွှင့်ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ဂါနီက အကယ်၍သူ့အနေဖြင့် နိုင်ငံအတွင်းမှာ   ဆက်နေမည် ဆိုပါက   ကဘူးလ်တွင်   ဖြစ်ပွား ခဲ့သည့် သွေးထွက်သံယိုမှုများကို မျက်ဝါးထင်ထင်   တွေ့မြင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်က  အလျင် စလိုထွက်ခွာသွားသည် ဆိုသည့် ဝေဖန်မှုများကို    သူ့အနေဖြင့် ယခုလို   တုံ့ပြန်ပြောကြားလိုက် ခြင်းဖြစ်သည်။     မိမိထွက်ခွာ သွားသည့် အသေးစိတ်အချက် အလက်များကို မသိဘဲ အလျင် စလို   မဆုံးဖြတ်စေချင်ကြောင်း ၎င်းက  ပြောကြားလိုက်သည်။
ကဘူးလ်သို့      တာလီဘန် တပ်ဖွဲ့များ    ဝင်ရောက်လာသော        အခါ   နိုင်ငံအတွင်းမှ   ချက်ချင်း ထွက်ခွာသွားသည့်       ဝန်ကြီး ဟောင်းများကိုလည်း     ဂါနီက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ 
အာဖဂန်မြို့တော်ကဘူးလ်ရှိ ဘုရင့်နန်းတော်ကို တာလီဘန်များ ထိန်းချုပ်လိုက်ပြီးနောက်    ဂါနီ သည်  နိုင်ငံတွင်းမှ   သြဂုတ် ၁၅ ရက် ညက ထွက်ခွာသွားခဲ့သည်။
သူ၏ လုံခြုံရေးအရာရှိများ၏အကြံပေးချက်အရ    ကဘူးလ်မှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ဂါနီက ပြောသည်။ 
အာရပ်စော်ဘွားများ   ပြည် ထောင်စု       နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ      ပူးပေါင်း ဆောင်ရွက်မှု    ဝန်ကြီးဌာနက ယူအေအီးနိုင်ငံသည်      ဂါနီနှင့် မိသားစုဝင်များကို        လူသားချင်း စာနာထောက်ထားမှု     ဆိုင်ရာ အနေအထားအရ      ကြိုဆိုခဲ့ ကြောင်း သြဂုတ် ၁၈ ရက်က ပြောကြားလိုက်သည်။       

ဆင်ဟွာ