
နေပြည်တော် ဧပြီ ၂၁
နှစ်စဉ် မေလမှ စက်တင်ဘာလအထိကာလများသည် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ သောက်သုံးရေ ပြတ်လပ်ခြင်းတို့ ကြုံတွေ့ခံစားရလျက်ရှိသဖြင့် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော တိုင်း ဒေသကြီး/ ပြည်နယ်အသီးသီးတွင် သောက်သုံးရေ သန့်ယာဉ် အကောင်အထည်ဖော်နိုင်ရန် နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် သုတေသနယာဉ်အဖြစ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဗဟို စက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး က သောက်သုံးရေသန့်ယာဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက သောက်သုံးရေ ရှားပါး ပြတ်လပ်မှုကြုံတွေ့ရသည့်ဒေသများတွင် သောက် သုံးရေသန့်စင်ဖြန့်ဝေထောက်ပံ့နိုင်ခြင်းနှင့် အရေး ပေါ်အခြေအနေတွင် သန့်စင်ပြီး သောက်သုံးရေ များ အသုံးပြုနိုင်ခြင်းအားဖြင့် ပြည်သူများ၏ လတ်တလော သောက်သုံးရေအခက်အခဲကို ကျန်းမာ ရေးနှင့်ညီညွတ်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည့် အတွက် အကျိုးကျေးဇူးများစွာရရှိနိုင်ပြီး အထောက် အကူများစွာ ရရှိစေမည်ဖြစ်ပါကြောင်း၊ လေ့လာတွေ့ ရှိချက်အရ အမှတ် (၉၂၀)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွင် စမ်းသပ်တပ်ဆင်ထားသည့် ရွေ့လျား ရေသန့်စက် သုံးတန်တင်ယာဉ်၏ အရွယ်အစားနှင့် စက်ပစ္စည်းတန်ဖိုးမှာ သင့်တင့်ခြင်း၊ ပစ္စည်းများ လွယ်ကူစွာ တပ်ဆင်/ထိန်းသိမ်းအသုံးပြုနိုင်ခြင်းတို့ကြောင့် “နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး” တို့တွင် သုတေသနယာဉ် အဖြစ် ထားရှိအသုံးပြုနိုင်ရေး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သို့ တင်ပြခွင့်ပြုချက်အရ အစီအမံနှင့်ပတ်သက်ပြီး ဆွေးနွေးအကြံဉာဏ်ရယူနိုင်ရေး နည်းပညာပိုင်း ဆိုင်ရာအကြံပေးမှု၊ ယာဉ်ရရှိရေး ဆောင်ရွက်နိုင်မှု၊ ရေသန့်စက်တပ်ဆင်စမ်းသပ်လည်ပတ်မှု၊ ပြုပြင် ထိန်းသိမ်းမှု စသည်များကို အစည်းအဝေးသို့ တက် ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် လုပ်ငန်းအတွေ့အကြုံအပေါ်အခြေခံ၍ ဆွေးနွေးအကြံ ပြုပေးစေလိုကြောင်း ပြောကြားသည်။ (အပေါ်ပုံ)
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ သုတေသန ပြုတည်ဆောက်ထားသည့် ရေသန့်စင်စက်ယာဉ်၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး မှ သုတေသနပြု တည်ဆောက်ထားသည့် ရေသန့်စင် စက်ယာဉ်၊ တရုတ်နိုင်ငံမှထုတ်လုပ်သည့် ရေသန့်စင် စက်ယာဉ် စသည်ဖြင့် အမျိုးအစားသုံးမျိုးကို သုတေ သနပြုလုပ်ထားပြီးဖြစ်၍ အသုံးတည့်မည့် ယာဉ် အမျိုးအစားကို ရွေးချယ်နိုင်ပါကြောင်း၊ စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ သုတေသန ပြုလုပ် တည်ဆောက်ထားသည့် ရေသန့်စင်စက်ယာဉ် မှာ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အချိန် တွင် အသုံးပြုရန် ပိုမိုသင့်လျော်ပါကြောင်း ပြောကြား သည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေ က ရွေ့လျားသောက်သုံးရေသန့်စက်တင်ယာဉ်နှင့် စပ်လျဉ်း၍ နေပြည်တော်၊ အမှတ်(၉၂၀) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ ယန္တရားတပ်ခွဲရှိ တရုတ်နိုင်ငံ ထုတ်ယာဉ်/ ရေသန့်စက်နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရှိ ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ရွေ့လျား သောက်သုံးရေသန့်စက်တင်ယာဉ်တို့သို့ သွားရောက်လေ့လာခဲ့မှုနှင့် တွေ့ရှိချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက် လာကြသည့် ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများ နှင့် ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်များက ကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်မှုနှင့် အတွေ့ အကြုံများကို ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်