
မင်းထွဋ်ခေါင်(ရာမည)
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြ သည့် မြန်မာလူမျိုးများသည် အလှူ ရေစက် လက်နဲ့မကွာဟုဆိုသည့်အတိုင်း ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး အတွက် အလေးထားဆောင်ရွက်ကြသူ များဖြစ်သည်။ ထို့အပြင် ညောင်စေ့ လောက်လှူ ညောင်ပင်လောက်ရ ဟူသည့် ဆိုထုံးကို စိတ်ဝယ်သွင်းကာ သဒ္ဓါတရားနည်းများမဆို ကုသိုလ်ပွား များကြသူများလည်း ဖြစ်ကြ၏။ မြတ်စွာ ဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် မြတ်စွာဘုရား၏ ကိုယ်ပွားရုပ်ပွားတော် ကို ကိုးကွယ်ခွင့်ပြုခဲ့သည့် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ များကို တည်ထားကိုးကွယ်ခဲ့ကြသည်။ ဘာသာရေးနှင့်သော် လည်းကောင်း၊ လူမှုရေးအတွက်သော် လည်းကောင်း အလှူအတန်းနှင့် ပတ်သက်လာပါက တုံ့ဆိုင်းနေသူများ မဟုတ်ကြပါချေ။
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ
ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်
ယခုဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ၇ ရက်သားသမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာ နိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက် ရှိမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံ သည် ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်သန် လျက် ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော် ထုံး၊ မြန်မာ့ရိုးရာ တည်ထုံးများ၊ ဌာပနာ ပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင် ကျမ်းအစရှိသော စာပေကျမ်းဂန်များ နှင့်အညီ တည်ထားပူဇော်ခဲ့သည်မှာ လုပ်ငန်းများ မကြာမီ ပြီးစီးတော့မည် ဖြစ်ပါသည်။ ဌာပနာ သွင်းလှူပူဇော်ခြင်း အခမ်းအနားများမှ ပြည်တွင်း ပြည်ပ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှု ပမာဏများကို မြင်တွေ့ရချိန်တွင် ရင်ဝယ်တစိမ့်စိမ့်ပီတိများနှင့် သာဓုအနု မောဒနာ ခေါ်ဆိုခဲ့မိပါသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် ကမ္ဘာ ပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာတော့မည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တည်ဆောက် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသ ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါ သည်။ ထိုအခမ်းအနားတွင် သာသနာ နုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ် များနှင့် ကုမ္ပဏီကြီးများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း ရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေး အော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ သတ္တုလုပ်ငန်း ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များကို ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမိုင်းအကျဉ်းဖြစ်စဉ်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထိုသို့ရှင်းလင်း ပြသခြင်းမှာ တက်ရောက်လာကြသော ထိုဓမ္မမိတ်ဆွေများသည် ဘာသာ၊ သာသနာ အားဖြင့်သော်လည်းကောင်း၊ နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများတွင် လည်းကောင်း တိုးတက်မှုရှိရန် ကျရာအခန်းကဏ္ဍ များမှ ပါဝင်ထမ်းဆောင်နေကြသည့် လူပုဂ္ဂိုလ်များ ဖြစ်ကြသောကြောင့် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရား၏
အရိပ်အာဝါသအောက်တွင်
အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ရေး
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရည်ရွယ်ချက် (၄) ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ထိုရည်ရွယ် ချက်များမှ နိုင်ငံတော်သာယာဝပြောမှု ရှိစေရန်ဆိုသည်မှာ ပြည်သူ၊ ပြည်သား အားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင် လုပ်ကိုင် စားသောက်နိုင်ရမည်ဖြစ်ပြီး စီးပွားလာဘ်လာဘများ တိုးတက်စေရ မည်၊ ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြား နိုင်ရမည်၊ ဗုဒ္ဓမြတ်စွာဘုရား၏ အေးမြ သည့် အရိပ်အာဝါသအောက်တွင် အားလုံးအေးအေးချမ်းချမ်းဖြင့် သာယာ ပျော်ရွှင်စွာနေထိုင်နိုင်ရေး ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။ နိုင်ငံ တော်ဝန်ကြီးချုပ်၏ ရှင်းလင်းမှုတွင် ကျောက်တုံးတော်ကြီး စတင်တွေ့ရှိချိန်မှ လက်ရှိအချိန်ထိ အခက်အခဲ အကျပ် အတည်းအမျိုးမျိုးကြားမှ ကြိုးစား ဆောင်ရွက်ခဲ့ရမှုတို့ကို အသေးစိတ် ရှင်းလင်းခဲ့ရာ အချိန်အားဖြင့် နှစ်နာရီ နီးပါးကြာမြင့်ခဲ့ပါသည်။ ဧည့်ပရိသတ် တို့အနေဖြင့် ရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက်သည့် အံ့ဩဖွယ်၊ မထင်မှတ် ဖွယ် အခက်အခဲများ ကျော်ဖြတ်ခဲ့ရပုံ များကို ရုပ်ပုံများ၊ Vedio Clip များဖြင့် တွေ့မြင်ရသည်မှာ အချိန်ကုန်မှန်းမသိ အောင်ပင် စိတ်ဝင်စားဖွယ် ဖူးမြော် ကြည်ညိုခဲ့ရတယ်လို့ ဆိုကြပါသည်။ ရှင်းလင်းပြသပြီးချိန်တွင် မူလအစီအစဉ် တွင်မပါဝင်သည့် အလှူငွေပါဝင်လှူဒါန်း လိုကြောင်းကို ဧည့်ပရိသတ်အချို့ က ကမ်းလှမ်းရာမှ အလှူငွေပေးအပ် ပွဲအစီအစဉ်ကို ကြားဖြတ်အနေနဲ့ ရုတ်တရက် စီစဉ်ခဲ့ရကြောင်းကိုလည်း တွေ့မြင်ခဲ့ရပါသည်။
အလှူရှင် ဧည့်ပရိသတ်များက အလှူငွေများကို သဒ္ဓါယိုဖိတ်ကြည်ညို စိတ်ဖြင့် ရွှင်လန်းဝမ်းမြောက်စွာ ထည့်ဝင်လှူဒါန်းကြသည်မှာ အလှူငွေ ၁၆ ဒသမ ၁၇၇ ဘီလီယံအထိ ရရှိခဲ့ ကြောင်း သိရှိခဲ့ရပါသည်။
စာရေးသူအနေဖြင့် ထိုအလှူရှင် များ၏ ထက်သန်သော သဒ္ဓါတရားကို ကြည်နူးစိတ်ပွားလျက် သာဓုအကြိမ် ကြိမ် ကြည်ကြည်နူးနူး ခေါ်ဆိုမိခဲ့ပါ သေးသည်။
မေလအတွင်း ဖြစ်ပွားခဲ့သော မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်မှုကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသော ပြည်သူများအတွက်လည်း ပထမကြိမ် မေလ ၁၅ ရက်တွင် ငွေကျပ်သိန်းပေါင်း ၁၃၁၈၁၀၊ မေလ ၂၀ ရက်တွင် အလှူငွေ များ ထပ်မံပေးအပ်ခဲ့ရာ စုစုပေါင်းအနေ ဖြင့် ငွေကျပ် ၈၇၁၇၅၃၉၅၀၀၊ ထိုင်းဘတ် ငွေ ၁ သန်း၊ ကျပ်သိန်း ၁၅၀၀၀ တန်ဖိုး ရှိ သွပ်ချပ်ရေ ၁ သိန်းနှင့် ဆက်စပ်အိမ် မိုးပစ္စည်းများ၊ ယွမ် ၁ သိန်းနှင့်ညီမျှသည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် ရေသန့် များကို လက်ခံရရှိခဲ့ပါသည်။ နောက်ပိုင်း တွင်လည်း ဆက်၍ ဆက်၍ လှူဒါန်းခဲ့ ကြပါသေးသည်။
ရန်ပုံငွေဖျော်ဖြေပွဲများကျင်းပ၍လည်း လှူဒါန်းနိုင်ရေး ကြိုးပမ်းအားထုတ်ခဲ့ သည်ကို အားလုံး မြင်တွေ့ရကြရမည်ဖြစ် ပေသည်။ ထိုရရှိသော အလှူငွေများနှင့် အိမ်သုံးပစ္စည်းများ၊ အစားအသောက်များ အား မဆိုင်းမတွပင် ခွဲဝေပေးခဲ့ပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် “ပြည်တွင်း ပြည်ပမှလှူဒါန်းသည့် အလှူ ငွေများနှင့် ပစ္စည်းများကို မုန်တိုင်းဒဏ် သင့်ဒေသများမှ ပြည်သူများ တစ်ဦး တစ်ယောက်မှ မကျန်ရှိစေရေး ကူညီ ဆောင်ရွက်သွားမည်” ဟုလည်း အတိ အလင်း ပြောကြားခဲ့သည်ကို ရုပ်မြင် သံကြားတွင် ကြားသိခဲ့ရသကဲ့သို့ နိုင်ငံ ပိုင် သတင်းစာများတွင်လည်း ဖတ်ရှုခဲ့ရ ပါသည်။
ရုပ်ပွားတော်မြတ်ကြီးအား
အများပြည်သူတို့ ဖူးမြော်စေလိုသော
ဆန္ဒမွန်
ဘာသာ သာသနာကို စည်ပင်ပြန့်ပွား တိုးတက်စေရေးအတွက် သဒ္ဓါကြည်လင် စွာဖြင့် ကုသိုလ်ရှင်များက ကျောက်တုံး တော်ကြီးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက် (၄) ရပ်နှင့်အညီ ကမ္ဘာ ပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို တည်ထား ချိန်တွင် တစ်ဆက်တည်းဆိုသလို ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတွင်လည်း အခြား သော ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်များ ကိုပါ တည်ဆောက်ခဲ့ပြီး ပိဋကတ်သုံးပုံ ကိုလည်း ပါဠိအက္ခရာ၊ Romanize Language ဖြင့် ကျောက်စာချပ်များ ရေးထိုးနိုင်ရေးကိုပါ ဆောင်ရွက်ခဲ့ကြပါ သည်။ ကျောက်တုံးတော်ကြီး စတင် တွေ့ရှိပြီးချိန်မှသည် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် “တစ်နေ့ တစ်လံ ပုဂံ ဘယ်ရွေ့” ဟူသည့်အတိုင်း ဦးဆောင်မှုကောင်းများ ဖြင့် နေ့မအား ညမနား တည်ဆောက်ခဲ့ သည်မှာ အလွန်သပ္ပာယ်တင့်တယ်ဖွယ် ဖြစ်သော ရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူတို့ မြန်သည်ထက်မြန် စွာ ဖူးမြော်စေလိုသော ဆန္ဒမွန်ပင်ဖြစ် ပေသည်။
ရုပ်ပွားတော်မြတ်ကြီး၏ တင့်တယ် သပ္ပာယ် ကြည်ညိုဖွယ် ရုပ်လုံးပေါ်လာ မှုများအား ဝမ်းမြောက်ပီတိဖြစ်မဆုံး သည့် အကြီးအကဲအနေဖြင့် တစ်ဦး တည်းမခံစားလိုသဖြင့် “အစားကောင်း စားလျှင် မိတ်ဆွေကောင်းကို သတိရ သည်” ဟူသကဲ့သို့ ဝမ်းမြောက်ပီတိ အရသာကို တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ထေရ်ကြီး၊ ဝါကြီး သံဃာတော် အရှင်မြတ်ကြီးများအား ပင့်လျှောက် ဖူးမြော်စေခဲ့ပါသည်။ အချို့သံဃာတော် ကြီးများမှာ အသက်အရွယ်အရ ကျန်းမာ ရေးခက်ခဲသော်လည်း ခရီးအတန်တန် ဖြင့် ရောက်အောင် လာရောက်ဖူးမြော် ကြသည်ကိုလည်း သတင်းများတွင် ဝေဝေဆာဆာဖူးမြင်ခဲ့ရသဖြင့် စာရေးသူ တို့ သာဓုအကြိမ်ကြိမ် ခေါ်ဆိုခဲ့မိပါသည်။ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်အနေဖြင့် တာဝန်များ များပြားလှသည့်ကြားမှပင် လုပ်ဖော် ကိုင်ဖက် ပြည်ထောင်စုဝန်ကြီးများ အပါ အဝင် အစိုးရအဖွဲ့ဝင်များကိုလည်း ကုသိုလ်စိတ်များ ရစိမ့်သောငှာ အခါ အားလျော်စွာ ခေါ်ယူပြသခဲ့ပါသည်။ တစ်ဆင့်ထက်တစ်ဆင့် တိုးတက် ဖြစ်ပေါ်လာသော သာသနိကအဆောက် အဦများ၊ ရုပ်ပွားတော်မြတ်ကြီး၏ ရုပ်လုံး တော်များမှာ ခမ်းနားကြီးမြတ်စွာ ထွက်ပေါ်လာပြီဖြစ်ရာ ပီတိအလှူကို ပေးဆပ်သူနှင့် ခံယူသူတို့သာ သိနိုင် မည်ဖြစ်ပြီး ဘာသာ၊ သာသနာအတွက် ဂုဏ်ယူစိတ်၊ ထိန်းသိမ်းလိုစိတ်၊ နောင်လာနောက်သားတို့ ယခုထက် တိုး၍ အလေးထားရလေအောင် လမ်း ကြောင်းပေးရမည့်တာဝန်မှာ မိမိတို့တွင် ရှိနေပြီဟူသော အတွေးများ အစိုးရအဖွဲ့ ဝင်များ၏ နှလုံးအိမ်တွင် ရှင်သန်နေစေ ခဲ့ပြီဖြစ်ပါသည်။
ပြည့်ဝမ်းနှင့်တူသော ပုဂ္ဂိုလ်များအား
ချီးမြှင့်မြှောက်စားပေးခြင်းသာဖြစ်
ပျားပန်းခပ်မျှသော ပြည်တွင်း တတ်သိပညာရှင်အပေါင်းနှင့် ပြည်သူ လူထု၏ လုပ်အားဒါနတို့ဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ မကြာမီ တင့်တယ်သပ္ပာယ်စွာ ပြီးမြောက်ပေါ်ထွန်း လာတော့မည်ဖြစ်ပါသည်။ ဥယျာဉ်မှူး သည် ပျိုးပင်များ တစ်စတစ်စရှင်သန် ပွင့်လန်းလာပုံကို မြင်ရသည့်အခါ မိမိ နှင့် နီးစပ်ရာ မိတ်ကောင်းဆွေကောင်း တို့ကို ခံစားစေလိုသည်၊ မုဒိတာပွားစေ လိုသည်။ မင်းတို့၏ နဝရတ် ၉ ပါးဟု ဆိုသည့်အထဲတွင် သူဌေးသူကြွယ်တို့ သည် ပြည်၏ ဝမ်းဗိုက်ဖြစ်သည်ဟု တင်စားကြပါသည်။ ပြည့်ဝမ်းအပါအဝင် အခြားသောအရာများကို မချိုးဖျက် မဖျက်ဆီးရာဟု အဆုံးအမရှိခဲ့ပါသည်။ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် ယခုကဲ့သို့ ပြသ ခြင်းမှာ ပြည့်ဝမ်းနှင့်တူသော ပုဂ္ဂိုလ်များ အား ချီးမြှင့် မြှောက်စားပေးခြင်းသာ ဖြစ်၏။
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၏ ရင်မှဖြစ်သော ပီတိသောမနဿအဟုန်တို့ဖြင့် စီစဉ် ညွှန်ကြားခဲ့မှုများကြောင့် သာသနာ့ ရုပ်လုံးရုပ်ကြွကောင်း ဖြစ်ပေါ်လာအောင် ကိုယ်နှင့် စိတ်ကိုနှစ်၍ တည်ဆောက် နေသော အဖွဲ့အစည်းတို့၏ လုပ်အား သည် ရာနှုန်းပြည့်နီးပါး ပေါ်လာတော့ မည်ဖြစ်ပေသည်။
ပို၍ ဂုဏ်ယူပီတိဖြစ်ဖွယ် ကောင်း သည်ကား တပ်မတော်သားအင်ဂျင်နီယာ များနှင့် ပြည်တွင်း အတတ်ပညာရှင် များ၏ စွမ်းအားဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ် လာတော့မည် ဖြစ်ခြင်းပင်ဖြစ်၏။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာ ဗုဒ္ဓဥယျာဉ် အတွင်းသို့ ရောက်သွားချိန်တွင် ငယ်စဉ်က သင်ကြားခဲ့ရသည့် “ဘုံဝတိံ သာ နန္ဒာပေလော၊ တူစွဟုတ္တာ” ဟူ သည့် မြကန်သာ ကဗျာလေးကိုပင် သတိရမိပါသည်။ ကျွန်တော်အပါအဝင် ပြည်သူအပေါင်းတို့ လှူဒါန်းခဲ့ကြသော အသပြာအနည်းငယ်သည် ယခုကဲ့သို့ ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူ စကျင် ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ အလှူရှင်ဖြစ်ပြီတကားဟု ဝမ်းမြောက် မိပါသည်။ သတင်းမှတ်တမ်းများတွင် အလှူကြီးပေးဖို့ရာ တန်းစီနေကြသော ပြည့်ဝမ်းနှင့်တူသည့် ပုဂ္ဂိုလ်များ၏ မျက်နှာအသီးသီးတွင် ပီတိစိတ်နှင့် ဤသာသနာ့မှတ်တမ်းကြီး မစိုက်ထူမီ မိမိတို့လှူဒါန်းခွင့်ရလိုက်လေပြီဟူသော စိတ်ထားတို့ကိုလည်း မြင်နေရသဖြင့် အလှူရှင်တို့ကိုယ်စား ဝမ်းမြောက်မိပါ သည်။ ဦးဆောင်ဘုရားဒါယကာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တကွ ၇ ရက် သားသမီးများ၊ ဘုရားဒါယကာ၊ ဒါယိ ကာမတို့၏ စုပေါင်းလှူဒါန်းမှုများဖြင့် မကြာမီ မြန်မာကရော ကမ္ဘာကပါ ဖူးမြော်နိုင်တော့မည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား စိတ်ဝယ် ဦးခိုက်ရင်း လှူဒါန်းမှု အစုစုတို့အတွက် ဝမ်းမြောက် ပီတိစိတ်နှင့်အတူ “သဒ္ဓါ ဖြူဖွေး ဓလေ့သွေး ပေးလှူ မကွာ တို့မြန်မာ” ဟုသာ နှုတ်ဖျားဝယ် ရေရွတ် မိပါတော့သည်။ ။
- Log in to post comments