ကန်ဘာရာ ဒီဇင်ဘာ ၉
သြစတြေးလျနိုင်ငံသား ၇၀ ရာခိုင်နှုန်းကျော် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုခံယူချင်ကြောင်း သုတေသနစစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ 
သြစတြေးလျ   အမျိုးသား တက္ကသိုလ်မှ  သုတေသနပညာရှင် များက   ဒီဇင်ဘာ  ၉  ရက်တွင် ၎င်းတို့၏ နောက်ဆုံးတွေ့ရှိချက် ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ   သုတေသနပြုလုပ် ချက်အရ ၇၁ ဒသမ ၉ ရာခိုင်နှုန်း အထက်ရှိ       ပါဝင်ဖြေကြားသူ များသည် အကယ်၍ ကိုဗစ်-၁၉ အပိုဆောင်း  ကာကွယ်ဆေးထိုး ခွင့်ရပါက      ထိုးချင်ကြောင်း ဖြေကြားခဲ့သည်။ 
သို့သော်လည်း တချို့လူများ မှာ     အပိုဆောင်း  ကိုဗစ်-၁၉ ကာကွယ်ဆေး      ထိုးခြင်းနှင့် ပတ်သက်ပြီး       စဉ်းစားလျက် ရှိကြောင်း သိရသည်။ 
အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အသက် ၁၈ နှစ်အထက်ရှိ သြစတြေးလျ နိုင်ငံသားများနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ထားပြီး ခြောက်လကြာသူများ ထိုးနှံနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၈ ရက်အထိ အသက် ၁၆   နှစ်အထက်   ၉၃  ဒသမ  ၁ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ် ဆေးတစ်ကြိမ်   ထိုးနှံပြီးပြီဖြစ် ကြောင်းသိရပြီး   ၈၈ ဒသမ  ၇ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ် ဆေး  အပြည့်အဝ  ထိုးနှံပြီးဖြစ် ကြောင်း သိရသည်။ 
ဆင်ဟွာ
      


