သစ်တောများ ပြန်လည်ရှင်သန်လာစေသူတစ်ဦးရဲ့ ဘဝကောက်ကြောင်း

 

နွယ်နီလင်း

 

သူ့ဘဝတစ်လျှောက်လုံး     သစ်တော တွေကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက် ရာမှာ အများကြီး ပါဝင်ကူညီနိုင်ခဲ့တယ် လို့  အသက်  ၆၄  နှစ်ရှိပြီဖြစ်တဲ့ ချန်တဲ့ လင်းက    သူ့အိမ်       နောက်ဘက်က တောအုပ်ကြီးကို   လက်ညှိုးညွှန်ပြရင်း ဂုဏ်ယူစွာပြောဆိုနေတယ်။
“အရင်က ဘာသစ်ပင်သစ်တောမှ မရှိတဲ့ ကုန်းခေါင်ခေါင် ကျတ်တီးမြေတွေ။ ဒါပေမယ့်    အခုတော့     သစ်ပင်တွေနဲ့ ဖုံးလွှမ်းသွားပြီ” လို့ ချန်က ပြောပါတယ်။ သူကတော့      တရုတ်နိုင်ငံ   အနောက် တောင်ပိုင်း ကွီကျိုးပြည်နယ် ချန်းရှီမြို့ နယ်မှာရှိတဲ့          ကျို့ကျားအော်ရွာမှာ နေထိုင်ပြီးတော့      ပြီးခဲ့တဲ့ဆယ်စုနှစ် လေးစုစာ  ကာလအတွင်းမှာ‌ သစ်တော မပြုန်းတီးရေးကို       တစိုက်မတ်မတ် ဦးဆောင်ထိန်းသိမ်းရင်းနဲ့ သစ်ပင်တွေ  စိုက်ပျိုးနေခဲ့တဲ့သူပါ။
၁၉၇၀  နဲ့   ၁၉၈၀    ပြည့်နှစ်တွေ လောက်က    သစ်ပင်သစ်တောတွေ   ထူထပ်ခဲ့ပေမယ့်     စိုက်ပျိုးမြေ   မရှိတဲ့ ဒေသခံတွေက     စိုက်ပျိုးမြေ   ချဲ့ထွင်ဖို့ အတွက် သစ်ပင်တွေကို ရှင်းလင်းတာ တွေ လုပ်ဆောင်ခဲ့ကြပါတယ်။‌ ဒါပေမယ့် လည်း လယ်တွေက  စပါးအထွက်ညံ့တဲ့ အတွက်ကြောင့် အိမ်ထောင်စုတစ်စုမှာ  တစ်နှစ်လုပ်စာ  ကောက်ပဲသီးနှံ ၁၀၀ ကီလိုဂရမ်ကနေ ၁၅၀ ကီလိုဂရမ်လောက် ပဲ  ရကြတယ်လို့   ချန်က  ဆိုတယ်။ ဒါကြောင့်ပဲ စားနပ်ရိက္ခာရှားပါးလာတဲ့  ရွာသားတွေဟာ ထင်းတွေခုတ် မီးသွေး ဖုတ်    ရောင်းချကြရင်းနဲ့       ရလာတဲ့ မြေလွတ်နေရာတွေမှာ ပြောင်းဆန်တွေ စိုက်ကြရတယ်လို့ ဆိုပါတယ်။
အဲဒီလိုလုပ်ကြတာကို    မကြိုက်တဲ့ ချန်ကတော့   သူ့ရဲ့ဇာတိ     ရွာမှာရှိတဲ့ ရွာသားတွေကို သစ်ပင်တွေ မခုတ်ကြဖို့နဲ့  သစ်ပင်တွေပြန်စိုက်ကြဖို့ လုပ်ဆောင် ကြရမှာဖြစ်ပြီး     ဒါမှသာ   သစ်တော ပြုန်းတီးမှုကို ရပ်တန့်နိုင်မှာဆိုပြီး စတင် ဆော်ဩပါတော့တယ်။ 
သစ်ပင်တစ်ပင်တစ်တည်းနဲ့ 
တောအုပ်ဖြစ်မလာနိုင်
သစ်ပင်တစ်ပင်တစ်တည်းနဲ့တော့  တောအုပ်ဖြစ်မလာနိုင်ပေ။ ဒါကြောင့် ချန်က   ၁၉၈၂   ခုနှစ်မှာ     သစ်တော ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းဖို့အတွက် ရွာသား ၂၀ ကျော်ကို သူနဲ့အတူ ပူးပေါင်း ပါဝင်ဖို့  စည်းရုံးနိုင်ခဲ့ပြီး  ပြည်သူလူထု တွေကို တောင်ကြားသို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်နိုင်မယ့် အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ ပါတယ်။ ဒါပေမယ့်လည်း ချန်ရဲ့လုပ်ရပ် တွေ၊ အကြံအစည်တွေဟာ ရွာသူရွာသား အများစုအတွက်တော့    ထူးဆန်းနေပါ တယ်။  သူ့ရဲ့ရည်မှန်းချက်တွေ   ပုံပေါ် မလာသေးခင်တော့     ဒါဟာဝတ်ကျေ တမ်းကျေလို့ပဲ သဘောထားခဲ့ကြပါတယ်။ 
တစ်ရက်မှာတော့ ချန်ရဲ့ဖခင်ဖြစ်သူ ဟာ တောင်ပေါ်တက်ပြီး  သူ့ရဲ့ဟင်းသီး ဟင်းရွက်စိုက်ခင်းအတွက်    ခြံစည်းရိုး ခတ်ဖို့    ထင်းရှူးပင်တချို့ကို     ခုတ်လှဲ လိုက်တယ်။ ဒါကိုတွေ့လိုက်ရတဲ့ ချန်ဟာ ဖခင်ဖြစ်သူကို  “အဖေက  နားမလည် ပေမယ့်    လူတိုင်းက    စည်းကမ်းကို  လိုက်နာဖို့ လိုအပ်တယ်၊   မိသားစုပေမယ့် စည်းကမ်းကတော့   စည်းကမ်းပဲ”   လို့ ဒေါသတကြီးနဲ့ ပြောလိုက်ပါတော့တယ်။  ဒါ့အပြင် သူဟာ သူ့အဖေရဲ့လုပ်ရပ်ကို တောင်းပန်တဲ့အနေနဲ့ ရွာသူရွာသားတွေ ကို  ယွမ် ၆၀ ဖိုးအကုန်အကျခံပြီး ထမင်း ဖိတ်ကျွေးလိုက်ပါသေးတယ်။ အဲဒီခေတ် က ယွမ် ၆၀ ဟာ အလွန်တန်ဖိုးရှိတယ်လို့ ချန်က ပြောပါတယ်။ 
တရားမျှတပြီး ရိုးသားမှုရဲ့ 
အကျိုးရလဒ်
ဒီလို သစ်တောပြုန်းတီးမှု တားဆီး ရေးအတွက် တရားမျှတပြီး ရိုးသားမှုနဲ့ ဦးဆောင်ခဲ့တဲ့ချန်ဟာ     ရွာသားတွေရဲ့ အသိအမှတ်ပြုလေးစားမှုကို     ရရှိခဲ့တဲ့ အပြင်    သူ့ရဲ့   ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့        ချန်ဟာ ပြည်နယ်စံပြ လုပ်သားကောင်းဆုတံဆိပ် ချီးမြှင့်ခံခဲ့ရပါတော့တယ်။
သစ်တော           ပြုန်းတီးမှုတွေကို ကာကွယ်ချင်တဲ့ ချန်ရဲ့ ရည်ရွယ်ချက်က ရွာသူရွာသားတွေရဲ့  ပိုက်ဆံအိတ်တွေ ကိုပါ ဖောင်းလာစေပါတော့တယ်။ 
ဘာကြောင့်လဲဆိုတော့        သူ့ရဲ့ သစ်တောအဖွဲ့အမည်နဲ့ ချန်ဟာ  ဘဏ် တွေကနေ    ငွေချေးပြီး    ဒေသမြေပြင် အနေအထား၊   ရာသီဥတုနဲ့ ကိုက်ညီတဲ့ ကောက်ပဲသီးနှံ  မျိုးစေ့  ၁၀  မျိုးကျော် အပြင် အပင်ပေါက်တွေကိုပါ အခမဲ့ရခဲ့ ပါတော့တယ်။  ဒါ့အပြင်  စိုက်ပျိုးနည်း စနစ်တွေ    တိုးတက်ဖို့အတွက်လည်း  အနီးနားမှာရှိတဲ့       ဟူနန်ပြည်နယ်နဲ့ ချုံကင်းမြို့အထိသွားပြီး ခရိုင်နဲ့ ဒေသန္တရ သစ်တောဌာနတွေက ကျွမ်းကျင်သူတွေ ကို သစ်တောအသိပညာတွေ ဖြန့်ဝေပေး ဖို့အတွက် ချန်က ဖိတ်ကြားခဲ့ပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်
လွန်ခဲ့တဲ့နှစ်ပေါင်း  ၄၀  အတွင်းမှာ ချန်ဟာ သစ်တောမရှိတဲ့ ကျတ်တီးမြေ  နေရာတွေကိုရွေးပြီး      ခြောက်ကြိမ် တိုင်တိုင်           ပြောင်းရွှေ့နေထိုင်ခဲ့ကာ သစ်တောတွေ ပြန်လည်ရှင်သန်စေခဲ့ပါ တယ်။   အခုအခါမှာတော့   သစ်တော မရှိဘဲ  ကျတ်တီးမြေနေရာတွေမှာ  ချန် စိုက်ပျိုးခဲ့တဲ့   တောအုပ်တွေ    အများစု ပါဝင်နေတဲ့      ဖန်ကျင်းရှန်တောင်ဟာ ယူနက်စကို   ကမ္ဘာ့သဘာဝထိန်းသိမ်း ရေးအမွေအနှစ် စာရင်းဝင် နေရာတစ်ခု ဖြစ်လို့နေပါပြီ။
ဖန်ကျင်းရှန်တောင် သဘာဝအမွေ အနှစ်ဥယျာဉ်ဟာ ၂၀၁၈ ခုနှစ်မှာ ယူနက် စကို   ကမ္ဘာ့သဘာဝ    အမွေနှစ်စာရင်း ဝင်ခဲ့ပြီး  ရှားပါးအပင်တွေ၊  မျိုးသုဉ်းလု နီးပါးမျိုးစိတ်တွေအပြင် ထူးခြားသော ဂေဟစနစ်များစွာကို    ထိန်းသိမ်းထား ပါတယ်။ ဒီဒေသမှာ အပင်မျိုးစိတ်ပေါင်း  ၄၃၉၅ မျိုးနဲ့ တောရိုင်းတိရစ္ဆာန် မျိုးစိတ်  ၂၇၆၇    မျိုးတို့ရဲ့   နေထိုင်ကျက်စားရာ နေရာလည်းဖြစ်ပြီးတော့ ရှားပါးလှတဲ့  ကွီကျိုး နှာလန် မျောက်မျိုးစိတ်တွေနဲ့ နန်ကျင်းထင်းရှူးပင်      မျိုးစိတ်များရဲ့ တစ်ခုတည်းသော ရှင်သန်ရာနေရာလည်း ဖြစ်ပါတယ်။ 
သစ်တောဦးစီးဌာနရဲ့ စာရင်းဇယား အချက်အလက်တွေအရ    ယခုအခါမှာ တော့   ချန်းရှီမြို့နယ်    ကျို့ကျားအော် ကျေးရွာပိုင်ဆိုင်တဲ့    သစ်တောဧရိယာ ဟက်တာ  ၉၇၀၀  ခန့်  လွှမ်းခြုံထားပြီး သစ်တော လွှမ်းခြုံမှုနှုန်းကလည်း ၁၉၈၀  ပြည့်နှစ်မှာ ၁၄ ရာခိုင်နှုန်းသာရှိခဲ့ရာကနေ  ၂၀၂၂ ခုနှစ်မှာ ၇၃ ဒသမ ၆ ရာခိုင်နှုန်းအထိ  တိုးမြင့်လာခဲ့ပါတော့တယ်။
ဒေသခံတွေအနေနဲ့လည်း     အခု အခါ    ပိုမိုကောင်းမွန်တဲ့      အသက်မွေး ဝမ်းကျောင်းအလုပ်အကိုင် အခွင့်အလမ်း တွေ ရရှိလာပြီဖြစ်တဲ့အတွက် သစ်တော ပြုန်းတီးမှုကို မတွေ့ရတော့ပေ။ အသက် ၆၀ ကျော် အရွယ်ရှိနေပြီဖြစ်တဲ့  ချန်က လည်း        တောင်တန်းတွေပေါ်မှာသာ အခြေချနေထိုင်ဖို့ ဆန္ဒရှိနေဆဲပင်ဖြစ်ပြီး လယ်ယာလုပ်ငန်းကိုသာ    ဆက်လက် လုပ်ကိုင်ရင်း သူ့ရဲ့ တစ်နှစ်တာ ဝင်ငွေ ယွမ်   ၁၀၀၀၀၀  ကျော်    ရရှိနေပြီဖြစ် ပါတယ်။
ချန်ဟာ သူ့တစ်သက်တာလုံး သူနဲ့ အတူ တိုးတက်ရှင်သန်လာခဲ့တဲ့ ရေမြေ တောတောင်တွေကို ဘယ်တော့မှ စွန့်ခွာ သွားနိုင်တော့မှာ မဟုတ်ပေ။
ကိုးကား - ဆင်ဟွာ