သစ်တောကဏ္ဍဆိုင်ရာအခြေအနေများကို ပိုမိုသိရှိနားလည်စေရေး လေ့လာသင်ယူမှတ်သား၍ ဌာနအကျိုး၊ နိုင်ငံအကျိုးကို သယ်ပိုးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစား

 

နေပြည်တော် အောက်တိုဘာ ၁၂


သစ်တောများ ထာဝစဉ်တည်တံ့ စေရန် စီမံအုပ်ချုပ်ခြင်း၊ ထိန်းသိမ်း ကာကွယ်ခြင်းနှင့် ဒေသခံပြည်သူ များ၏    လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး     လုပ်ငန်းများ ဖော်ဆောင်ရာတွင်       မြို့နယ် အဆင့်သည်    အခြေခံအကျဆုံး ဖြစ်ပြီး ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံနေရခြင်းကြောင့် ဌာန၏       ရည်မှန်းချက်များ အောင်မြင်ရေးအတွက်   အဓိက ကျသည့်     အဆင့်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်       ဦးစီးအရာရှိများ အနေဖြင့် ဌာန၏လုပ်ငန်းရည်မှန်း ချက်များကို   အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင် ဥပဒေ၊ နည်းဥပဒေ၊   လုပ်ထုံးလုပ်နည်း များ၊     ညွှန်ကြားချက်များနှင့် အညီ     အရည်အသွေးပြည့်မီ၍ စွမ်းဆောင်ရည်များ   မြင့်မားလာ စေရန်နှင့် နိုင်ငံတော်နှင့် ပြည်သူ တို့၏အကျိုးကို အထိရောက်ဆုံး ဖြည့်ဆည်း   စွမ်းဆောင်နိုင်ရေး အတွက် ဤသင်တန်းကို ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး      ဦးခင်မောင်ရီက ပြောကြားသည်။

 


ယနေ့       နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန   စုဝေး ခန်းမ   ရေဆင်း၌    ကျင်းပသည့် ဦးစီးအရာရှိ    စွမ်းဆောင်ရည် မြင့်မားရေး      မွမ်းမံသင်တန်း အမှတ်စဉ်(၁၀) ဖွင့်ပွဲအခမ်းအနား တွင်    သယံဇာတနှင့်   သဘာဝ ပတ်ဝန်းကျင်    ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက       ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

 


ထို့ပြင် အမျိုးသားသစ်တော ကဏ္ဍ နှစ်  ၃၀ ပင်မစီမံကိန်းနှင့် အညီ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ   တိုးချဲ့ဖွဲ့စည်းရေး၊ မြန်မာနိုင်ငံ        သစ်တောများ ပြန်လည်တည်ထောင်ခြင်း    စီမံ ကိန်းလုပ်ငန်းစီမံချက်ပါ လုပ်ငန်း များ        အောင်မြင်စေရေးနှင့်  လုပ်ငန်းခွင့်ပြု    ရန်ပုံငွေများကို လည်း      ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ     စနစ် တကျသုံးစွဲရေး၊    မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု   ပြန်လည် တိုးတက်လာစေရေး၊ ရေဝေရေလဲ နှင့်  ဒီရေတောများ   ထိန်းသိမ်း ကာကွယ်ရေး၊   တရားမဝင်သစ် တားဆီးကာကွယ်ရေး၊   ပုဂ္ဂလိက သစ်တောစိုက်ခင်း   တည်ထောင် ခြင်းနှင့်ပတ်သက်၍      လုပ်ထုံး လုပ်နည်းများ၊       စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်စေရေး       ကြပ်မတ် ဆောင်ရွက်ရန်နှင့် လက်ရှိဖြစ်ပေါ် နေသည့် သစ်တောကဏ္ဍဆိုင်ရာ အခြေအနေများကို      ပိုမိုသိရှိ နားလည်စေရေး လေ့လာသင်ယူ မှတ်သား၍   ဌာနအကျိုး၊   နိုင်ငံ အကျိုးကို     သယ်ပိုးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။

 


အခမ်းအနားသို့ သယံဇာတ နှင့်      သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန      ဒုတိယ ဝန်ကြီးများ၊        အမြဲတမ်း အတွင်းဝန်၊     ညွှန်ကြားရေးမှူး ချုပ်များ၊  ဦးဆောင်ညွှန်ကြားရေး မှူးများ၊  ပါမောက္ခချုပ်၊  ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြား    ရေးမှူးချုပ်များနှင့် မြို့နယ်အဆင့်     ဦးစီးအရာရှိ သင်တန်းသား ၂၀ တက်ရောက် ကြကြောင်း သိရသည်။ 

သတင်းစဉ်