သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟူသည်

Type
၅

 

မြင့်မောင်စိုး

 

“သစ်တောနှင့်သစ်ပင်ချစ်ခင်တဲ့လူမျိုး
သစ်ပင်ကို နှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး”


မိုးရာသီကာလ ဇွန်၊ ဇူလိုင်လများသို့ ရောက်ပြီဆိုလျှင် သတင်းစာများ၌တွေ့ရသော ဆောင်ပုဒ်တစ်ခုဖြစ်သည်။ မိုးရာသီကာလအတွင်း နိုင်ငံနှင့်အဝန်း သစ်ပင်စိုက်ပျိုးရေးနှိုးဆော်ချက်ဖြစ်သည်။ မိုးအခါသမယ စိုက်ရေးပျိုးရေး ဖြစ်ထွန်းသည့်အလျောက် သစ်တောသစ်ပင်ပြုစုပျိုးထောင်ရေး၊ သစ်တောသစ်ပင်များ တစ်အုပ်တစ်မ စိုက်ပျိုးရေးတို့အတွက် နှိုးဆော်တိုက်တွန်းနေရခြင်းဖြစ်ပါသည်။ ထိုသို့ တိုက်တွန်းသည့်အလျောက် သစ်ပင်စိုက်ပျိုးရေးပွဲတော်များ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းအတော်ပင် ကြာညောင်းခဲ့ပြီဖြစ်ပါသည်။

 


ပထမဆုံးအကြိမ် ဥယျာဉ်စိုက်မင်္ဂလာပွဲ


ကျွန်တော်မှတ်သားမိသလောက်  ပြည်ထောင်စု မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ဥယျာဉ်စိုက်မင်္ဂလာ ပွဲကို  ၁၉၅၄ ခုနှစ်  ဇွန်  ၂  ရက်က ရန်ကုန်မြို့ ကန်တော်ကြီး     ဗိုလ်ချုပ်အောင်ဆန်း     ဥယျာဉ်၌ အိုးစည်ဗုံမောင်းသံ တညံညံဖြင့် စည်ကားသိုက်မြိုက် စွာ ကျင်းပခဲ့ကြောင်း မှတ်သားဖူးပါသည်။ ထိုစဉ်က နိုင်ငံတော်သမ္မတကြီး       ဒေါက်တာဦးဘဦးနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုတို့ ကိုယ်တိုင် သစ်ပင်များ တက်ရောက်စိုက်ပျိုးပေးခဲ့ကြောင်း၊ ထိုနှစ်တွင် နိုင်ငံ တစ်ဝန်း စိုက်ပျိုးရေးဌာနက  ဦးဆောင်၍  ငွေကျပ် ၄၃ သိန်း အကုန်အကျခံကာ  သစ်ပင်ပေါင်း သိန်းနှင့် ချီ၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။  ထိုခေတ်ထိုအခါမှ စ၍ တွက်ကြည့်လျှင် မြန်မာနိုင်ငံ၌ မိုးရာသီကာလ ရောက်တိုင်း   ခေတ်အဆက်ဆက်   စိုက်ပျိုးလာခဲ့ သည်မှာ နှစ်ပေါင်းကြာညောင်းခဲ့လေပြီ။

 

မြန်မာနိုင်ငံ၌  ထိုနှစ်မှစ၍  သစ်ပင်စိုက်ပျိုးပွဲ များ    ကျင်းပပြုလုပ်ရခြင်းသည်   အကြောင်းရင်း  တစ်ရပ်ပင်ဖြစ်သည်။ သစ်ပင်စိုက်ပျိုးပွဲများမလုပ်ဘဲ ယခုအတိုင်းပင်ထားလျှင် အနှစ် ၃၀၀ ကြာသောအခါ သဲကန္တာရကြီးဖြစ်မည့်ဘေးကို ကြိုတင်ကာကွယ် ပေးနိုင်ရေးအတွက်    စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ ပုဂံပြည်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ခန့် က  သစ်ပင်၊ သစ်တောများဖြင့်  နေချင့်စဖွယ်ကောင်း သော ဒေသကြီးဖြစ်နိုင်ကြောင်း၊ အနော်ရထာမင်း၊ ကျန်စစ်သားမင်းအစရှိသော  မင်းတို့သည် ရေ၊ မြေ တောတောင်တို့နှင့်ပြည့်စုံသော     နေရာကိုသာ မင်းနေပြည်တော်အဖြစ် ရွေးချယ်ကြလိမ့်မည်ဖြစ် ကြောင်း၊  သို့သော်လည်း  သစ်၊  ဝါးတို့ကို  အလွန် အမင်း ခုတ်ယူမှု‌ကြောင့်  ပုဂံရာသီဥတုမှာ အလွန် ပူပြင်းခြောက်သွေ့ကာ မိုးခေါင်ဒေသဖြစ်ခဲ့ရကြောင်း ထိုစဉ်က ဝန်ကြီးချုပ်ဦးနုက မှတ်ချက်ပြု ပြောကြား လေသည်။

 


ယခုရက်ပိုင်းအတွင်း စာရေးသူအနေဖြင့် ညနေ ပိုင်းတွင်  ရုံးမှနေအိမ်အဆောင်သို့ လမ်းလျှောက် ပြန်သွားလေ့ရှိပါသည်။  ညနေခင်း  လမ်းလျှောက် ထွက်လာစဉ်   အရှေ့ဘက်   ရှမ်းရိုးမဘက်ဆီမှ ကွန်ကရစ်လမ်းမကြီးအတိုင်း တအိအိမောင်းလာနေ သော ထင်းခုတ်လှည်းများကို မကြာခဏ တွေ့နေရ သည်။  တလောကလည်း  အမျိုးသမီးသုံးယောက် ထင်းစည်းကြီးများကို  ခေါင်းပေါ်တွင်  ရွက်လျက် ကားလမ်းဘေးအတိုင်း သူတို့ရွာကို ပြန်နေကြသည် ကို လှမ်းမြင်လိုက်ရသေးသည်။ ဟိုတစ်နေ့ကလည်း အနောက်ဘက်ရွာ မင်္ဂလာဆောင်အသွား လမ်းပေါ် တွင် ထင်းခုတ်လှည်းများ တွေ့ရပြန်ပြီ။ ထိုမြင်ကွင်း များသည် သာမန်မျက်စိနှင့်ကြည့်လျှင် ဘာမျှထူး မည်မဟုတ်ပါ။    သတင်းသမားမျက်လုံး   အငှား သုံးကြည့်လိုက်လျှင်တော့  သစ်ပင်၊ သစ်တောများ ပြုန်းတီးရခြင်း     အကြောင်းရင်းကို    ကွင်းကွင်း ကွက်ကွက်ကြီးကို   မြင်လိုက်ရသည်။   ထို့ထက် သစ်တော၊  သစ်ပင်ချစ်မြတ်နိုးသူ၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တို့၏  မျက်လုံး   အငှားသုံး ကြည့်မည်ဆိုလျှင်တော့   သစ်ပင်၊  သစ်တောများ ပျက်စီးနေမှုကို သိရ၍ ဝမ်းနည်းမှုကိုပင် ခံစားရပေ ဦးမည်။

 


ထင်းခုတ်သည့်ဓလေ့


အမှန်တော့  မိုးကုန်၍ ဆောင်းရောက်ပြီဆို သည်နှင့်  ကျေးလက်ဒေသအများစုတွင်  ထင်းခုတ် လေ့ရှိပါသည်။   မိုးမကျမီ    ဆောင်းနှင့်  နွေ တစ်လျှောက်လုံး ထင်းခုတ်လေ့ရှိပါသည်။ ထင်းခုတ် ရာတွင် မိမိပိုင်လယ်ယာမြေများ၊ အများပိုင်တော တောင်များ၊  သစ်တောကြိုးဝိုင်းများ  စသည်ဖြင့် တရားဝင်၊ တရားမဝင် ခုတ်လှဲလေ့ရှိသည်။ အချို့က အပင်ကြီးများကို ထင်းချိုင်ကြသည်။ အချို့က အပင်ငယ် အလယ်၊ အလတ်များကို ခုတ်လှဲပစ်ကြ သည်။ ဤသို့ဖြင့် ထင်းခုတ်ရာသီ ထင်းခုတ်ကြသည့် အလေ့အကျင့်သည် ဓလေ့တစ်ခုလို ဖြစ်နေပေတော့ သည်။

 


သစ်ပင်နှင့် ရာသီဥတု


ထို့ကြောင့်လည်း  သစ်တော၊  သစ်ပင်များသည် တဖြည်းဖြည်း လျော့နည်းလာသည်။ နှစ်စဉ်နှစ်တိုင်း ထင်းခုတ်နေကြသဖြင့် တောများပြုန်းတီးလာရာမှ နောက်ဆုံး တောင်ကတုံးဖြစ်နေသောနေရာအဖြစ် သို့ ရောက်ရှိလာတော့သည်။ သစ်တော၊ သစ်ပင်များ ကျဲပါးလာခြင်းကြောင့်     ရာသီဥတုမှာလည်း ပြောင်းလဲသွားတော့သည်။   မိုးရွာရမည့်   ကဆုန်၊ နယုန်လများသို့ပင်   ရောက်သော်လည်း  မိုးပေါက် မကျသော   နေရာများရှိသည်။   မိုးခေါင်မှုဒဏ်ကို ရင်ဆိုင်ကြရတော့သည်။

 


သစ်တော၊  သစ်ပင်များ၏  ကျေးဇူး


တကယ်တော့   သစ်ပင်၊  သစ်တောကို  အလွန် အကျွံ    ခုတ်ယူခြင်းမပြုသင့်ပေ။     ဘာသာရေး ရှုထောင့်ကကြည့်လျှင်ပင်  သစ်ပင်ခုတ်ခြင်းကို မပြု ထိုက်ပေ။ မြတ်စွာဘုရားရှင် လက်ထက်တော်အခါက သစ်ပင်များသည်  ပစ္စည်းလေးပါးတွင် တစ်ပါးအပါ အဝင်ဖြစ်သည်။ မြတ်စွာဘုရားရှင်နှင့်တကွ ရဟန်း သံဃာတော်များ ဒေသစာရီလှည့်လည်ကြွချီစဉ် သစ်ပင်ကြီးများကို  ကျောင်းအမှတ်ဖြင့် သီတင်းသုံး နေထိုင်တော်မူကြကြောင်း   မှတ်သားဖူးပါသည်။  ယနေ့ခေတ်အထိတိုင်  အိန္ဒိယနိုင်ငံ၌ ကျောင်းမရှိ သော ကျေးလက်ဒေသတွင်  သစ်ပင်ကြီးများအောက်   စာသင်ခြင်းကို  ဆောင်ရွက်နေဆဲဖြစ်ကြောင်း  သိရ သည်။   သစ်တော၊  သစ်ပင်များ၏  ကျေးဇူးကား ကြီးမားလှပေစွ။

 


သစ်တော၊ သစ်ပင်များကို  သိပ္ပံပညာရှုထောင့် ကကြည့်လျှင်လည်း    လူနှင့်တိရစ္ဆာန်တို့အတွက် များစွာ အကျိုးပြုလျက်ရှိပါသည်။   သစ်ပင်များမှ နေ့စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက် ဆီဂျင်ကို    ပြန်လည်ထုတ်ပေးလျက်     ရှိပါသည်။ သစ်ပင်  သစ်တောများရှိခြင်းကြောင့်   မြေဆီလွှာ ပျက်စီးခြင်းမှလည်း     ကာကွယ်ပေးနိုင်ပါသည်။ ထို့အပြင် အလွန်အမင်းမိုးခေါင်ခြင်းကို ကာကွယ်ပေး နိုင်သဖြင့်   ရာသီဥတုကိုလည်း    မျှတစေသည်။ သစ်တော၊     သစ်ပင်များရှိသောအရပ်တွင်   မိုး ကောင်းစွာ ရွာသွန်းလေ့ရှိပါသည်။

 


သစ်ပင်သစ်တောများရှိသဖြင့် ခရီးသွားပြည်သူ တို့ အရိပ်အာဝါသတွင် အပန်းဖြေနားခိုနိုင်ပါသည်။ ပန်းမန်များ၏အလှကို  ခံစားနိုင်ပါသည်။  အသီး၊ အပွင့်၊   အရွက်တို့ကို  ဆွတ်ခူးစားသုံးနိုင်ပါသည်။ အနိမ့်ဆုံး သစ်တောသစ်ပင်များတွင် ကျေးငှက်သာရ ကာများ   လာရောက်နားခိုမြူးထူးကြသဖြင့်  စိတ် ကြည်နူးလန်းဆန်းမှုကို  ခံစားနိုင်ပါသည်။ သစ်ပင် သစ်တောများမရှိလျှင်  အထက်ဖော်ပြပါ   အကျိုး ကျေးဇူးများ၊ အခွင့်အရေးများ ဆုံးရှုံးမည်ဖြစ်ပါသည်။ မိုးခေါင်ခြင်း၊  ရေရှားခြင်း၊ အလွန်ပူပြင်းခြင်း၊  အစာ ရေစာရှားပါးခြင်း၊  ငတ်မွတ်ခေါင်းပါးခြင်း၊  ရောဂါ ဘယများထူပြောခြင်း စသောဆိုးကျိုးများကို တသီ တတန်းကြီး ကြုံတွေ့ခံစားရမည်ဖြစ်သည်။

 


သစ်ပင်၊  သစ်တောများကို  ခုတ်လှဲနေခြင်းသည် သဘာဝပတ်ဝန်းကျင်သုံးမျိုးကို   ဖျက်ဆီးရာရောက် ပါသည်။  သစ်ပင်၊  သစ်တောများ  ခုတ်လှဲခြင်းကြောင့် မြေထုသဘာဝပတ်ဝန်းကျင်၊     ရေထုသဘာဝပတ် ဝန်းကျင်၊  လေထုသဘာဝပတ်ဝန်းကျင်တို့ကို တစ် ပြိုင်တည်းပျက်စီးစေပါသည်။  သစ်ပင်၊ သစ်တော များ ပြုန်းတီးလာမှုကြောင့် မြေဆီလွှာများပျက်စီးကာ စိုက်ပျိုးထွန်ယက်၍ မရတော့သည့် သဲကန္တာရအဖြစ် သို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။ ယနေ့ကမ္ဘာပေါ် တွင် သဲကန္တာရတိုက်ဖျက်ရေး  ဆောင်ရွက်နေသော နိုင်ငံများစွာရှိပါသည်။ သို့သော်  နှစ်ပေါင်းများစွာ ကြိုးစားနေကြသော်လည်း မူလသဘာဝ ရာသီဥတု မျိုး ပြန်မရနိုင်တော့ပါ။ ဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။

 


သစ်တောထိန်းသိမ်းရေးစီမံကိန်းများ


မကြာသေးမီက  သစ်တောဦးစီးဌာန တိုင်းဒေသ ကြီး/ပြည်နယ်များ၏ ၂၀၂၀-၂၀၂၂ ခြောက်လဘဏ္ဍာ နှစ်   ဆောင်ရွက်ဆဲလုပ်ငန်းများ၏   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  နေပြည်တော်ရှိ  သစ်တောဦးစီး ဌာန၌  ကျင်းပခဲ့ပါသည်။  ထိုအစည်းအဝေးတွင် သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံတော်သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူတို့၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန်နှင့် သဘာဝပတ်ဝန်းကျင် ဇီဝမျိုးစုံမျိုးကွဲနှင့်      ဂေဟစနစ်ညီညွတ်မျှတပြီး ပျက်စီးပြုန်းတီးမှုမရှိစေရန် ရည်ရွယ်၍   အမျိုးသား သစ်တောကဏ္ဍ  ပင်မစီမံကိန်း၊ ခရိုင်သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု    စီမံကိန်းနှင့်   မြန်မာနိုင်ငံ သစ်တောများ   ပြန်လည်တည်ထောင်ရေး  စီမံကိန်း များကို     ရေးဆွဲအကောင်အထည်ဖော်လျက်ရှိ ကြောင်း သိရသည်။

 


ထို့ပြင် သစ်တောပြုန်းတီးမှုလျှော့ချနိုင်ရန်နှင့် သစ်တောထိန်းသိမ်းမှု အရှိန်အဟုန်မြှင့်တင်နိုင်ရန် အတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ကျွန်း မူရင်းဒေသ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှုကို ၁၀ နှစ်ရပ်ထားခဲ့ပြီး အခြားပြည်နယ်နှင့်  တိုင်းဒေသကြီးများတွင်လည်း ကျွန်းနှင့် သစ်မာထုတ်လုပ်မှုကို  နှစ်စဉ်တောထွက်၏ ၅၅   ရာခိုင်နှုန်းနှင့်   ၃၃  ရာခိုင်နှုန်းထိ အသီးသီး လျှော့ချထုတ်လုပ်စေခဲ့ကြောင်း၊     ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ ယခုအခါကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော ၁၂၇၀ (နိုင်ငံဧရိယာ၏ ၂၅ ဒသမ   ၇၂ ရာခိုင်နှုန်း) ကိုလည်းကောင်း၊  သဘာဝ ထိန်းသိမ်းရေး  နယ်မြေ ၄၇ ခု၊  (နိုင်ငံဧရိယာ၏ ၆ ဒသမ ဝ၉ ရာခိုင်နှုန်း) ကိုလည်းကောင်း သတ်မှတ်ဖွဲ့ စည်းနိုင်ခဲ့ကြောင်း သိရပါသည်။

 


တရားမဝင်သစ်ဖမ်းဆီးရေး


လာမည့်    မိုးရာသီကာလအတွင်း   သစ်တော စိုက်ခင်းများတည်ထောင်ခြင်း၊ ကျေးရွာထင်းစိုက်ခင်းများတည်ထောင်ခြင်း၊ လမ်းဘေးဝဲယာသစ်ပင် စိုက်ပျိုးခြင်း၊  ဒီရေတောစိုက်ခင်းများ  တည်ထောင် ခြင်း၊   ဒီရေတောများ  ကာကွယ်ထိန်းသိမ်းခြင်း  လုပ်ငန်းများအတွက်  စနစ်တကျ    ကြိုတင်ပြင်ဆင် သွားရန်လိုကြောင်း သိရသည်။ ယခုအခါ ပြည်နယ် နှင့်     တိုင်းဒေသကြီး    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး  အထူးအဖွဲ့ များက  သစ်တောဦးစီးဌာန၏   ဦးဆောင်မှုဖြင့်   တရားမဝင်သစ်ဖမ်းဆီးရေးကိုလည်း  အရှိန်အဟုန် မြှင့်တင်  ဆောင်ရွက်လျက်ရှိသည်။   ဤလုပ်ဆောင် ချက်သည်    သစ်တော   ထိန်းသိမ်းရေးအတွက်  များစွာ အထောက်အကူပြုလာနိုင်မည်ဖြစ်သည်။

 


မြန်မာနိုင်ငံသည် သဘာဝ ရေ ၊ မြေ၊ တော တောင်များနှင့်  လှပသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ဆိုကြ ပါသည်။  ထိုအချက်သည်  ဟုတ်လည်းဟုတ် သလို မှန်လည်းမှန်ပါသည်။ သို့သော် ထိုအလှ၊ ထို သဘာဝကို  ထိန်းသိမ်းဖို့တော့    လူတိုင်းမှာ  တာဝန် ရှိပါသည်။ ယခုကဲ့သို့   သစ်ပင်၊ သစ်တောများကို အစုလိုက်  အပြုံလိုက်  ပျက်စီးစေသည့်  ထင်းခုတ် ခြင်း  အလေ့အထကို  ပြောင်းလဲပစ်ဖို့  အချိန်တန် ပြီလို့ ဆိုချင်ပါသည်။ ထင်းခုတ်ရာသီရောက်တိုင်း ထောင်သောင်းမကသော      သစ်ပင်များ  သေကျေ ပျက်စီးလျက်ရှိပါသည်။     ထင်းခုတ်ခြင်း     အလေ့ အထကြီးကို ရပ်တန့်သွားနိုင်ရေး ဝိုင်းဝန်းကြပ်မတ် ရေး လုပ်ငန်းစဉ်တစ်ရပ်   အရှည်သဖြင့်  ဆောင်ရွက် ကြရဦးမည် ဖြစ်ပါသည်။  နှစ်စဉ်နှစ်တိုင်း သစ်ပင် စိုက်ပျိုးရေး ပွဲတော်များက   ထင်းခုတ်ခြင်းရာသီကို   လွှမ်းမိုး နိုင်ခြင်းမရှိသေးပါ။ သစ်ပင်ဖြစ်ထွန်းမှုနှင့် ပျက်စီးမှု နှိုင်းယှဉ်လျှင် ပျက်စီးမှုကများနေပါက သေချာပေါက်  သစ်တောပျက်စီး၍   သဘာဝပတ်ဝန်း ကျင်လည်း  ပျက်စီးလာတော့မည်  ဖြစ်ပါသည်။  သစ်ပင်တွေကို    တော်တော်ခုတ်       တောပြုန်းတော့ မည်ဆိုသည့်    စကားအတိုင်း   သစ်တောများ   ပျက်စီးခြင်းသို့ ရောက်ရှိသွားနိုင်ပါသည်။

 


အားလုံး၏တာဝန် 


သဘာဝပတ်ဝန်းကျင် ပကတိအရှိတရားများ၏ အကျိုးကျေးဇူးကို       ခံစားလိုလျှင်      ထိုသဘာဝ ပတ်ဝန်းကျင်ကွင်းဆက်ကြီး    ရေရှည်တည်တံ့ရေး ဝိုင်းဝန်းထိန်းသိမ်းကြဖို့  လိုပါသည်။  ထိုတာဝန်သည် မည်သူ့တာဝန်လဲဟုမေးလျှင်    အားလုံး၏တာဝန် ဖြစ်သည်ဟု ဆိုရပေမည်။ မီဒီယာများက ဖော်ထုတ် ရေးသားသလို    ပညာရှင်အပိုင်းကလည်း   အသိပေး ကြရပေသည်။ ထို့အတူ ဥပဒေကြောင်းအရ ဖမ်းဆီး အရေးယူမှုများလုပ်သလို  ထင်းခုတ်သူများကလည်း လေးစားလိုက်နာဖို့  တာဝန်ရှိပေသည်။  ထိုနည်းတူ စွာ     ပြည်သူအပေါင်းကလည်း   တတ်စွမ်းသရွေ့ သစ်ပင်စိုက်ခြင်း၊ သစ်ပင်စိုက်ပွဲတော်များတွင် ပါဝင် စိုက်ပျိုးခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးကို အရှည်သဖြင့် ဆောင်ရွက်ကြရဦးမည်ဖြစ်ပါ သည်။        ။