သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူ ၄၂၆၂ ဦးတို့အတွက် နိုင်ငံတော်မှ ယူရီးယားဓာတ်မြေသြဇာများ အခမဲ့ထောက်ပံ့ပေးအပ်

 

မြစ်ကြီးနား  အောက်တိုဘာ   ၂၃


ကချင်ပြည်နယ်အတွင်း သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့်  တောင်သူများအတွက် နိုင်ငံတော်၏ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့်  အကျိုးစီးပွားမြှင့်တင်ရေး  ဥပဒေအရ  သဘာဝဘေး အရေးပေါ် ရန်ပုံငွေဖြင့် ပြည်တွင်းစက်ရုံမှ ထုတ်လုပ်သည့် ဓာတ်မြေသြဇာများကို အခမဲ့ထောက်ပံ့ ပေးအပ် ခြင်းကို အောက်တိုဘာ ၂၃ ရက်က ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ  ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ပြုလုပ်သည်။

 


ဓာတ်မြေသြဇာများ ထောက်ပံ့ ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ပြည်နယ် အတွင်း  ၂၀၂၁ ခုနှစ်  သြဂုတ်လ အတွင်း မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့်      စပါးစိုက်ဧကများ ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးခဲ့မှု များ      ဖြစ်ပေါ်ခဲ့ပါကြောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေ သြဇာ   ဈေးနှုန်းမြင့်တက်လာမှု ကြောင့်    မိမိတို့၏   လယ်ယာ လုပ်ငန်းခွင်များတွင် သီးနှံအထွက် နှုန်း      တိုးတက်ရေးအတွက် ဓာတ်မြေသြဇာ   သုံးစွဲရာတွင် အဟန့်အတားများ၊    ငွေကြေး အရင်းအနှီး       အခက်အခဲများ ဖြစ်ပေါ်လာခဲ့သဖြင့်    နိုင်ငံတော် အကြီးအကဲက  ယခုလို   ရေကြီး နစ်မြုပ်    ထိခိုက်ပျက်စီးသည့် လယ်များအတွက် သဘာဝဘေး ရန်ပုံငွေဖြင့်    ပြည်တွင်းစက်ရုံမှ ထုတ်လုပ်သည့် ဓာတ်မြေသြဇာ များကို  အခမဲ့ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ ထောက်ပံ့ပေးအပ် သည့် ဓာတ်မြေသြဇာများကို စနစ် တကျ   အကျိုးရှိရှိ  သုံးစွဲကြရန် လိုကြောင်း၊ စိုက်ပျိုးရေးအတွက် ပြင်ပဓာတ်မြေသြဇာများ ဈေးနှုန်း အဆမတန်    မြင့်မားနေသည့် အတွက်   သဘာဝမြေသြဇာများ ကိုလည်း      ပြုလုပ်သုံးစွဲကြစေ လိုကြောင်း ပြောကြားသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်(ဝဲအောက်ပုံ)နှင့် ပြည်နယ် ဝန်ကြီးများက ပြည်နယ်အတွင်း  သဘာဝဘေးကြောင့် သီးနှံပျက်စီး ဆုံးရှုံးခဲ့သည့် တောင်သူ ၄၂၆၂  ဦး တို့အတွက်  ယူရီးယားဓာတ်မြေ သြဇာ အိတ်ပေါင်း ၃၈၀၈ အိတ် ကို   ထောက်ပံ့ပေးအပ်ကြရာ  တောင်သူများက    လက်ခံယူခဲ့ ကြပြီး  တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

 


ကချင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ်   သြဂုတ်လတွင်    မိုးသည်း ထန်စွာ      ရွာသွန်းခဲ့မှုကြောင့် တောင်သူစုစုပေါင်း   ၄၂၆၂ ဦးတို့ ၏    စပါးစိုက်ဧက   ၁၃၂၈၉   ဧက ရေကြီးနစ်မြုပ်ခဲ့ပြီး ထိခိုက်သည့် ဧကပေါင်း ၆၉၆၃ ဧကနှင့် ပျက်စီး ဧက ၃၉၂၆ ဧကအနက် ပြန်လည် စိုက်ပျိုးခဲ့သည့်  စိုက်ဧက ၁၀၁၆ ဧကရှိသဖြင့်   ယနေ့   နိုင်ငံတော် က    ယူရီးယားဓာတ်မြေသြဇာ အိတ်ပေါင်း     ၃၈၀၈  အိတ် ထောက်ပံ့ပေးအပ်ခြင်း      ဖြစ် ကြောင်း   ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။


ပြည်နယ်(ပြန်/ဆက်)