
နေပြည်တော် ဩဂုတ် ၂၄
သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော် နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းများ
အစည်းအဝေး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ယနေ့ကျင်းပ သည့် သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့အနေဖြင့် သဘာဝဘေး ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင် မှုတို့တွင် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းများ လမ်းညွှန် ပြုစုနိုင်ရေး ဆွေးနွေးအကြုံပြုနိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် World Risk Report 2021 အရ အဆင့်(၇၉) သာ ရှိသော်လည်း Global Climate Risk Index 2021 ပါ စစ်တမ်းများအရ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတွင်မူ ကမ္ဘာ့ နိုင်ငံများအနက် အဆင့်(၂၁)တွင် ရှိနေကြောင်း။
သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ လျင်မြန်သော တုံ့ပြန်ဆောင်ရွက်မှုနှင့် အရေးပေါ် ကာလဆက်သွယ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ် များကို အဖွဲ့အစည်းအားလုံးက ပူးပေါင်းဆောင်ရွက် ကြရာတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုမှာလည်း အထူးအရေးပါကြောင်း၊ အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းပြီး ထိရောက်သော လူသားချင်းစာနာ မှုအကူအညီပေးရန်နှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်း များ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီအသီးသီးမှ ကိုယ်စားလှယ်များ၊ ကာကွယ် ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များဖြင့် ယခင် က ဆောင်ရွက်ခဲ့သည့် “Civil Military Coordination Workshop on Disaster Management” အလုပ်ရုံ ဆွေးနွေးပွဲများမှ အကြံပြုချက်များအပေါ် လမ်းညွှန်မှု ခံယူပြီး “သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ် ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့” ကို ၂၀၂၂ ခုနှစ် မတ် ၃ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့ အနေဖြင့် ပေးအပ်ထားသည့် တာဝန်များအပေါ် မူတည်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ စနစ်တကျဖြစ်စေရေး ဆွေးနွေးညှိနှိုင်းကြရန်ဖြစ် ကြောင်းနှင့် အားလုံးပူးပေါင်းပါဝင်သည့် သဘာဝ ဘေးတုံ့ပြန်မှုအတွက် သဏ္ဌာန်တူသရုပ်ပြလေ့ကျင့် ခန်း (Simulation Exercise) ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။
သဘာဝဘေး အရေးပေါ်တုံ့ပြန်မှု ဆွေးနွေး
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ကာကွယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော် ဟိုး တို့က သဘာဝဘေး အရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနအကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းအဖွဲ့ခေါင်းဆောင်နှင့် လုပ်ငန်းအဖွဲ့ဝင်များက ကိုယ်စားပြုတက်ရောက် သည့် လုပ်ငန်းကော်မတီအလိုက် တပ်မတော်နှင့် သဘာဝဘေးတုံ့ပြန်မှုလုပ်ငန်းအတွက် ညှိနှိုင်း ပေါင်းစပ်ရာတွင် ရရှိထားသည့် ကောင်းမွန်သည့် အတွေ့အကြုံများ၊ ပိုမိုကောင်းမွန်စေရန် ဆောင်ရွက် နိုင်သည့် ကဏ္ဍများ၊ တပ်မတော်၏ သဘာဝဘေး စီမံခန့်ခွဲမှုစနစ်နှင့် ရယူနိုင်သည့် အကူအညီများ၊ ထိရောက်လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အားမြှင့်ဆောင်ရွက်နိုင်သည်များ၊ Standard Opera-tion Procedure ပြုစုနိုင်ရေး စတင်ဆောင်ရွက်ရန် များ၊ နိုင်ငံတော်အဆင့် သရုပ်ပြလေ့ကျင့်ခန်းတစ်ရပ် ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်