သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်နိုင်စွမ်းရှိစေရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အလေးအနက်ထား ဆောင်ရွက်ကြစေလို

 

ပဲခူး  သြဂုတ်  ၂၀


တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၁/ ၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၉  ရက်   က  ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။ 

 


အခမ်းအနားတွင်  ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းက ယနေ့ကမ္ဘာကြီး ပူနွေးလာ မှုကြောင့် ရာသီဥတုဆိုးရွားလာ ပြီး  မြန်မာနိုင်ငံအပါအဝင်   ကမ္ဘာ တစ်ဝန်းလုံး    အင်အားပြင်းထန် သော သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာသည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း၊   သဘာဝဘေး အန္တရာယ်များကြောင့်    ထိခိုက် ပျက်စီးဆုံးရှုံးမှုများသည် ဖွံ့ဖြိုး တိုးတက်ရေး   လမ်းကြောင်းကို များစွာ      အဟန့်အတားဖြစ်စေ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် စစ်ကိုင်း   ပြတ်ရွေ့ကြောပေါ်တွင် ရှိနေခြင်းကြောင့်    ငလျင်ဘေး စိန်ခေါ်မှုကို   ခံနေရသည့်   တိုင်း ဒေသကြီး    တစ်ခုဖြစ်ကြောင်း၊ သဘာဝ   ဘေးအန္တရာယ်များကို မဖြစ်အောင်တားဆီး၍မရသော် လည်း ဘေးဒဏ်ကို တုံ့ပြန်နိုင်စွမ်း ရှိစေရေး     ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို   တိုင်းဒေသကြီး အတွင်း ဖွဲ့စည်းထားသည့်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု    လုပ်ငန်းကော်မတီအလိုက် ပေးအပ်ထားသည့် လုပ်ငန်းတာဝန် များအပေါ်  အလေးအနက်ထား ဆောင်ရွက်ကြ    စေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်၊    တိုင်းဒေသကြီး တရားလွှတ်တော်   တရားသူကြီး ချုပ်၊     တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်    ဌာနဆိုင်ရာများ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများက     သဘာဝ ဘေးအန္တရာယ်    ဖြစ်စဉ်များနှင့် ပတ်သက်သည့် Video Clip ကို ကြည့်ရှုကြသည်။

 


အဆိုပါသင်တန်းတွင်   ဘေး အန္တရာယ်ဆိုင်ရာ      စီမံခန့်ခွဲမှု ဆိုင်ရာ ဝေါဟာရများ၊ ရာသီဥတု ပြောင်းလဲခြင်း၊  ဘေးအန္တရာယ် စီမံခန့်ခွဲမှုအယူအဆနှင့်    ဘေး အန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေစီမံ ခန့်ခွဲမှုစက်ဝန်း၊     မြန်မာနိုင်ငံ သဘာဝ    ဘေးအန္တရာယ်များ အကြောင်း၊   ဘေးအန္တရာယ် လျော့ပါးသက်သာစေရေး  နည်း လမ်းများ၊ ကြိုတင်သတိပေးချက် စနစ်ကို ခြုံငုံလေ့လာခြင်း၊ အသိ ပညာပေးခြင်း၊ ရပ်ရွာလူထုအခြေခံ သော ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ရှာဖွေရေးနှင့်   ကယ်ဆယ်ရေး၊ အရေးပေါ်    ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊    ပြန် လည်ထူထောင်ရေး လုပ်ငန်းများ စသည်တို့ကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားဆွေးနွေး      ပို့ချမည် ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ  ဦးစီးဌာနများမှ       သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ကြ ကြောင်း သိရသည်။  

သတင်းစဉ်