သဘာဝဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှု၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ သိုလှောင်ထားရှိမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မေ   ၉


ဘင်္ဂလားပင်လယ်အော်   အရှေ့ တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင်  ဖြစ်ပေါ်လျက်ရှိ သည့် လေဖိအားနည်းရပ်ဝန်းသည် တဖြည်းဖြည်း အားကောင်းလာ ကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ပြီး   ခန့်မှန်း ချက်များအရ   မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်း  ဝင်ရောက်နိုင်သည့် အခြေအနေရှိနေသဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်လာပါ က   အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊   ကယ်ဆယ်ရေးနှင့် ပူးပေါင်း     ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကိုယ်စီလုပ်ငန်း    တာဝန်များ အား သရုပ်ပြလေ့ကျင့်ခြင်းများကို တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီး၌     ဆောင်ရွက်လျက် ရှိသည်။

 


သရုပ်ပြလေ့ကျင့်ဆောင်ရွက်


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်     နေပြည်တော်တိုင်း စစ်ဌာနချုပ်     ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ  နယ်မြေခံ တပ်မတော်သားများက  နေပြည် တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ် စစ်ကြောရေးနှင့် တည်းခို ရေးစခန်းရှိ     စစ်ရေးပြကွင်း၌ လည်းကောင်း၊    အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများက        တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်  အဝေရာ မီးပုံးပျံကွင်း၌   လည်းကောင်း စုဖွဲ့၍ ဒေသအသီးသီးရှိ ပြည်သူ့ စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံ   ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ၊         ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍    သရုပ်ပြလေ့ကျင့်မှုများကို ဆောင်ရွက်ကြသည်။    ယင်းသို့ သရုပ်ပြ  လေ့ကျင့်နေမှုများကို သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့်  တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ   ညှိနှိုင်းဆောင် ရွက်ပေးသည်။

 


ထို့ပြင်          သဘာဝဘေး အန္တရာယ်   ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင် ရေးအတွက်     သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ် ရေးအဖွဲ့များ   ကြိုတင်ပြင်ဆင် ထားရှိခြင်း၊ ကယ်ဆယ်ရေးပစ္စည်း များနှင့် အခြားအထောက်အကူပြု ပစ္စည်းများ  သိုလှောင်ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံ    ကာကွယ်ရေး အဆောက်အဦ       (Cyclone Shelter) များ   ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ် ငါးမျိုးနှင့် သောက် သုံးရေ      လုံလောက်စွာရရှိရန် ဆောင်ရွက်ထားရှိခြင်း     တို့ကို သက်ဆိုင်ရာ   နယ်မြေအလိုက် ကြိုတင်ပြင်ဆင်          ဆောင်ရွက် လျက်ရှိသည်။

 


ကြိုတင်ကာကွယ်ရေးပြင်ဆင်


ထိုသို့  ဆောင်ရွက်လျက်ရှိရာ မေ    ၈    ရက်နှင့်      ယနေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး     မရမ်း ကုန်းမြို့နယ်ရှိ       မြန်မာနိုင်ငံ   မီးသတ်တပ်ဖွဲ့ဌာနချုပ်၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ရွှေသောင်ယံမြို့၊  ချောင်းသာမြို့၊ ငွေဆောင်မြို့၊       ပုသိမ်မြို့၊ သာပေါင်းမြို့နယ်၊ ဟိုင်းကြီးကျွန်း မြို့နှင့် မောင်လမြိုင်ကျွန်းမြို့နယ် တို့၌လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး    မန္တလေးမြို့တော် စည်ပင်သာယာရေး  ကော်မတီ၊ စက်ရုံနှင့်   မော်တော်ယာဉ်ဌာန၊ ချမ်းမြသာစည်       မြို့နယ်၊ မြို့ဟောင်းရှိ      ဘေးအန္တရာယ် ဆိုင်ရာ     စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး      ဦးစီးမှူးရုံးရှိ ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံ၊ ဗဟိုသိုလှောင်ရုံ         (မန္တလေး)   မဟာအောင်မြေမြို့နယ်ရှိ ဗဟို ဆေးသိုလှောင်ရေး      ဌာနနှင့်   ပြင်ဦးလွင်မြို့နယ်တို့၌    လည်း ကောင်း    သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြင်ဆင်စုဖွဲ့  ဆောင်ရွက်       ထားရှိမှုများကို သက်ဆိုင်ရာ  တိုင်းဒေသကြီးနှင့်   ပြည်နယ်များမှ  ဝန်ကြီး ချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ  တိုင်းမှူး များနှင့်  ဌာနဆိုင်ရာ  တာဝန်ရှိသူ များက        သွားရောက်ကြည့်ရှု စစ်ဆေးပြီး       လိုအပ်သည်များ ညှိနှိုင်း         ဆောင်ရွက်ပေးကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်