သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) လုပ်ငန်းဆောင်ရွက်မှုရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်    မေ    ၁၁


သဘာဝ  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန   (Disaster Management Centre-DMC)  လုပ်ငန်းဆောင်ရွက်မှု   ရှင်းလင်း တင်ပြခြင်း     အစည်းအဝေးကို လူမှုဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနတွင်         ဖွင့်လှစ်ထားသည့် သဘာဝ     ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဗဟိုဌာန၌ယနေ့ မွန်းလွဲ ပိုင်းတွင် ကျင်းပသည်။

 

 
 အစည်းအဝေးသို့ အမျိုးသား သဘာဝ     ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ     ဒုတိယ ဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်       ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဌာန        ပြည်ထောင်စုဝန်ကြီး ဒုတိယ       ဗိုလ်ချုပ်ကြီးစိုးထွဋ်၊   အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ  ဒုတိယ ဥက္ကဋ္ဌ(၂)၊  လူမှုဝန်ထမ်း၊   ကယ် ဆယ်ရေးနှင့်    ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာသက်သက်ခိုင်၊  ပြည်ထဲရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ      စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန      ဒုတိယ ဝန်ကြီး၊   လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများနှင့်     တာဝန် ရှိသူများ တက်ရောက်ကြသည်။

 


စီမံဆောင်ရွက်


ရှေးဦးစွာ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု  ကော်မတီ      ဒုတိယ      ဥက္ကဋ္ဌ (၁)၊      ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး    ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်က      ဆိုင် ကလုန်းမုန်တိုင်းမိုခါ(MOCHA)နှင့်  စပ်လျဉ်း၍      မိုးလေဝသခန့်မှန်း ချက်များအရ       မုန်တိုင်းလမ်း ကြောင်း၊  မုန်တိုင်းဝင်ရောက်နိုင် သည့်ဒေသအား   အနီးစပ်ဆုံးသိရှိ ရပြီး ဖြစ်ပါသဖြင့်  အရေးပေါ်အချိန် နှင့် အရေးကြီးအချိန်  လုပ်ငန်း များကို တွဲဖက်ဆောင်ရွက်ရမည့် အခြေအနေဖြစ်ကြောင်း၊    DMC အနေဖြင့်            ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ    မုန်တိုင်းလမ်း ကြောင်း        ကျရောက်နိုင်သည့် မြို့နယ်များတွင် လိုအပ်သည်များ အသင့်ပြင်ဆင်ထားရှိမှု၊ ရွှေ့ပြောင်း ပြီးစီးမှု   အချက်အလက်တို့အား အချိန်နှင့်တစ်ပြေးညီ  ပြည့်ပြည့် စုံစုံ    ပြုစုထားရှိရန်လိုကြောင်း၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု  အနည်း ဆုံးနှင့်     ပြန်လည်ထူထောင်ရေး လုပ်ငန်းများ    မြန်ဆန်စွာဆောင် ရွက်နိုင်ရေး  စီမံဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။

 


ထို့နောက် အမျိုးသား သဘာဝ  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ    ဒုတိယ  ဥက္ကဋ္ဌ(၂)၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်သက်ခိုင်က     အရေးပေါ် တုံ့ပြန်ရေး  ကြိုတင်ပြင်ဆင်ထားရှိ မှု၊ အရန်ဆန်တန်ချိန် (၁)သောင်း ဝယ်ယူဖြန့်ခွဲမည့်       အခြေအနေ၊  သက်ဆိုင်ရာ      တိုင်းဒေသကြီး/ ပြည်နယ်        အစိုးရအဖွဲ့များမှ တာဝန်ရှိသူများနှင့်         ညှိနှိုင်း ပူးပေါင်း    ချိတ်ဆက်ဆောင်ရွက် မည့်           အခြေအနေများအား  ရှင်းလင်းပြောကြားသည်။

 


ယင်းနောက်        လုပ်ငန်း ကော်မတီများမှ  တာဝန်ရှိသူများ က  ဆိုင်ကလုန်းမုန်တိုင်း   မိုခါ (MOCHA)၏  လက်ရှိအခြေအနေ၊ မုန်တိုင်း ဦးတည်ရာလမ်းကြောင်း၊ မုန်တိုင်း   ပြင်းအားနှင့်  မုန်တိုင်း ဖြတ်သန်းဝင်ရောက်မည့်  အခြေ အနေ၊  ရခိုင်ပြည်နယ်နှင့်   ချင်း ပြည်နယ်တို့ရှိ မုန်တိုင်းဖြတ်သန်း ဝင်ရောက်နိုင်သည့်    မြို့နယ်များ တွင် လုံခြုံရေးပိုင်းဆိုင်ရာ အသင့် ပြင်ဆင်ထားရှိမှု၊       အရေးပေါ် ဆက်သွယ်ရေးအတွက်  ပြင်ဆင် ထားရှိမှု၊    အရေးပေါ်ရှာဖွေကယ် ဆယ်ရေးအတွက်    လူအင်အား၊  ယာဉ်အင်အား၊        စက်ပစ္စည်း ကိရိယာအင်အားများ စုဖွဲ့ထားရှိမှု၊ Cyclone Shelter နှင့် ဘေးလွတ် ရာနေရာများသို့  ပြောင်းရွှေ့ပြီးစီးမှု နှင့်      ဆက်လက်ပြောင်းရွှေ့ရန် စီစဉ်ထားရှိမှု၊         ဆက်သွယ်မှု ကောင်းမွန်စေရေး  ဆက်သွယ်ရေး စက်နှင့် Satellite Phone များ တပ်ဆင်ထားရှိမှု ၊ နိုင်ငံတကာနှင့် ဆက်သွယ်   ဆောင်ရွက်ထားရှိမှု၊  ရခိုင်ပြည်နယ်သို့      ရွေ့လျားရေ သန့်စင်စက်ပေးပို့ပြီးစီးမှု၊  အရေး ပေါ်     ကျန်းမာရေးစောင့်ရှောက်  မှုအဖွဲ့များ    စေလွှတ်ပြီးစီးမှုနှင့် ဆက်လက်စေလွှတ်ရန် စီစဉ်ထား ရှိမှု၊    လူနာတင်ယာဉ်နှင့်   ဆေးရုံ များ       အသင့်ပြင်ဆင်ထားရှိမှု၊ ဆေးဝါးများနှင့် ရေသန့်ဆေးပြား များ  ပို့ဆောင်ထားရှိမှု၊   ဘေလီ တံတားနှင့်   လူအင်အားစုဖွဲ့ထား ရှိမှု၊   ကယ်ဆယ်ရေးပစ္စည်းများ၊  မိုးကာတဲများ၊  တာပေါ်လင်စများ အသင့်ပြင်ဆင်ထားရှိမှု  စသည် ဖြင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း များအတွက် ဆောင်ရွက်ထားရှိမှု များကို ဆွေးနွေးတင်ပြကြသည်။ 

 


ထို့နောက်    DMC   အဖွဲ့ဝင် ကာကွယ်ရေး   ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားလှယ်က  မုန်တိုင်းဒီရေ မြင့်တက်လာပါက ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

 


ဆက်လက်၍      အမျိုးသား သဘာဝ    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု    ကော်မတီ   ဒုတိယ ဥက္ကဋ္ဌ(၁)၊     ဒုတိယဝန်ကြီးချုပ် နှင့်        ပြည်ထောင်စုဝန်ကြီးနှင့်  အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ      စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊     ပြည်ထောင်စု ဝန်ကြီးတို့က     တင်ပြချက်များ အပေါ်   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်