
နေပြည်တော် မေ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စု တိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ဒီဂရီကောလိပ်ရှိ ကျောင်းအုပ်ဆရာကြီး ဦးထိန်လင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေး ဟောပြောပွဲ ကျင်းပရခြင်းနှင့် ပတ်သက် ၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများက ငလျင်ဘေးအန္တရာယ် နှင့် ပတ်သက်၍ ဗီဒီယိုများ၊ ပါဝါပွိုင့်များဖြင့် အသိပညာပေး ဟောပြောသည်။
အခမ်းအနားသို့ ဒီဂရီကောလိပ်ရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူ များတက်ရောက်ကြပြီး မေ ၂၉ ရက်တွင် ငလျင်ဘေးသဏ္ဌာန်တူ သရုပ်ပြလေ့ကျင့် ခြင်း၊ အားသာချက်နှင့် အားနည်းချက်များကို ဆွေးနွေးသုံးသပ်မှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်