သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်    မေ    ၂၅    သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသ များတွင်    လိုအပ်သည့်    ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင် ရွက်ပေးနိုင်ရေးအတွက်   တပ်မတော်မှ    ကြိုတင် စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့ များသည်  နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊  လူမှု ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ ဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့   ဆောင်ရွက်ပေးလျက်ရှိရာ    ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌  ရောက်ရှိအခြေပြုလျက်ရှိသည့်  ကူညီကယ်ဆယ်ရေးအဖွဲ့များသည်    အဆိုပါမြို့ရှိ မြို့ဦးဘုန်းကြီးကျောင်းတွင် ဆရာတော်၊ သံဃာ တော်များနှင့် ဒေသခံပြည်သူများအား သောက်သုံး ရေများ ဖြန့်ဝေပေးလျက်ရှိပြီး လမ်းဘေးဘယ်ညာမှ လဲကျနေသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့်  ကူညီကယ်ဆယ်ရေးအဖွဲ့များသည်      မုန်တိုင်း တိုက်ခတ်မှုကြောင့်     အမိုးလန်ပျက်စီးသွားသော  ကျောက်ဖြူ   ပညာရေးဒီဂရီကောလိပ်ရှိ    စာသင် ဆောင်အမိုးအား      ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့်  ကူညီကယ်ဆယ်ရေးအဖွဲ့များသည်  အဆိုပါမြို့ရှိ ဒေသခံပြည်သူများအား ချက်ပြုတ်ရေးအဆင်ပြေ စေရန် သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိသည်။ 
စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ် ရေးအဖွဲ့များသည် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စစ်တွေ-ရန်ကုန်သွား ကားလမ်းပေါ်ရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများအား ခုတ်ထွင်ရှင်းလင်း ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အလားတူ    မောင်တောမြို့သို့     ရောက်ရှိနေ သည့်  ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့် ပူးပေါင်း၍ မောင်တောမြို့ ပဲရုံကျေးရွာရှိ         လေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ 
အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော  ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မီးသတ်တပ်ဖွဲ့ ဝင်များ၊    နယ်ခြားရဲတပ်ဖွဲ့ဝင်များနှင့်    ပူးပေါင်း၍ အဆိုပါမြို့ရှိ မဟာအောင်မြေရတနာကျောင်းတိုက်၊ ဇေယျာဂီရိကုလရက္ခိတတောင်       အလိုတော်ပြည့် ကျောင်းနှင့် အောင်မြေဗောဓိသာသနာ့ရိပ်သာ အလို တော်ပြည့်ကျောင်းတိုက်တို့၌ သန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။ 
ထို့အတူ   မြောက်ဦးမြို့သို့  ရောက်ရှိနေသည့်  ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကူညီကယ်ဆယ် ရေးဆောင်ရွက်ပေးနေသော နယ်မြေခံရဲတပ်ဖွဲ့ဝင် များနှင့်   မိသားစုဝင်များ၊  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ 
ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှု များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေး ဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူး ဆေးကုသရေးအဖွဲ့သည်  စစ်တွေမြို့  ဆတ်ရိုးကျ ရပ်ကွက်၌   ယာယီဆေးရုံဖွင့်လှစ်၍    နယ်မြေခံ ကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူ  များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ      ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်