သဲကုန်းမြို့နယ်၌ မိုးစပါးဧက ၈၂၀၀၀ ကျော် စိုက်ပျိုးရန် လျာထား

 

သဲကုန်း   ဇူလိုင်   ၂၁


ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်  မိုးစပါးစိုက်ပျိုး ရာသီတွင်  စပါးမျိုးကောင်း၊ မျိုးသန့် တိုးပွား စေရန်နှင့် တစ်ဧကအထွက်နှုန်းတိုးပွားစေရန် ရည်ရွယ်၍ ယခုနှစ် မိုးရာသီတွင် မိုးစပါးစိုက် ဧက  ၈၂၆၁၀  စိုက်ပျိုးသွားရန်  လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သဲကုန်းမြို့နယ်   စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မိုးစပါးစိုက်ဧကများကို ကြဲခင်းများ   စိုက်ပျိုးခြင်း၊  မျိုးစေ့ချကိရိယာ (DrumSeeder)ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်းနည်းများဖြင့်   ဇူလိုင် ၁၉ ရက်အထိ စိုက်ဧကပေါင်း ၇၉၈၅၁ ဧက  စိုက်ပျိုးပြီးဖြစ်ရာ   တောင်သူများအနေဖြင့် ရတနာတိုး၊ မှော်ဘီ-၂၊ အင်းမရဲဘော်၊ ရက်- ၉၀၊ ကောက်ညှင်းစပါးမျိုးများအား    အများဆုံး စိုက်ပျိုးထားကြောင်း သိရသည်။


စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက် နှုန်းတိုးတက်မြင့်မားစေရန်   တောင်သူများအား  နည်းပညာပေးခြင်း၊   မြေဩဇာများကို တောင်သူ များလက်ဝယ်သို့ ဖြန့်ဖြူးပေးခြင်း၊ လယ်ယာ ကဏ္ဍ   သီးနှံစိုက်ပျိုးထုတ်လုပ်မှု   မြင့်မား တိုးတက်ရေး၊   အရည်အသွေးကောင်းမွန်စေရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။                                                   
ကိုကျော်(ပြန်/ဆက်)