သာယာဝတီဗဟိုအကျဉ်းထောင်နှင့် ဒိုက်ဦး ဗဟိုအကျဉ်းထောင်တို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဇွန်    ၂၄


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှအဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့သည် ဇွန် ၁၆ ရက်တွင် သာယာဝတီဗဟိုအကျဉ်းထောင်ကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်စိုး၊  ဦးတင်အောင်နှင့် ဦးကျော်မြင့်တို့သည် ဇွန် ၂၄ ရက်တွင် ဒိုက်ဦး ဗဟိုအကျဉ်းထောင်ကိုလည်းကောင်း   သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။


ကြည့်ရှုစစ်ဆေးစဉ်  ကော်မရှင်ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ အကျဉ်းသား/  အကျဉ်းသူ၊ အချုပ် သား/အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့်   အခွင့် အရေးဖြစ်သော   နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာတွေ့ဆုံရာတွင် အခက်အခဲများ ရှိ မရှိ၊ ရသင့်ရထိုက်သော   အသုံး အဆောင်ပစ္စည်းများရရှိခြင်း  ရှိ မရှိနှင့် အကျဉ်း ထောင်အတွင်း  ညှဉ်းပန်းနှိပ်စက်မှု    ရှိ မရှိတို့ကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ နှင့်တွေ့ဆုံကာ   ယင်းတို့၏   တင်ပြချက်များကို မှတ်တမ်းတင်ခဲ့သည်။


ဗဟိုအကျဉ်းထောင်များကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား / အချုပ်သူများ ၏ အိပ်ဆောင်များ၊   ဆေးရုံဆောင်၊ Quarantine ထားရှိသည့် အဆောင်များ၊ တိုက်ခန်းများ၊ စာကြည့် တိုက်၊ စားဖိုကြီး၊   ရိက္ခာစတို၊  သောက်ရေနှင့် သုံးရေကန်များ၊  မိလ္လာများ  သန့်ရှင်းမှု ရှိ မရှိကို လည်းကောင်း၊ လတ်တလော  ဖြစ်ပွားလျက်ရှိသော ကိုဗစ်-  ၁၉ ရောဂါ ကာကွယ်ရေးနှင့်   စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း    ကြည့်ရှု စစ်ဆေးခဲ့သည်။ 


ခရီးစဉ်များအတွင်း   စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို   လိုအပ်သလို    အရေးယူ ဆောင်ရွက်ပေးနိုင်‌ရေးအတွက်     သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်