မန္တလေး နိုဝင်ဘာ ၁
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ကျောင်း ထိုင်ဘုန်းကြီး သင်တန်းကျောင်း သို့ လစဉ်ထာဝရဆွမ်းအလှူငွေ လှူဒါန်းခြင်းကို နိုဝင်ဘာ ၁ ရက် က ယင်းကျောင်းတွင် ပြုလုပ် သည်။
ဆွမ်းအလှူငွေ လှူဒါန်းခြင်း တွင် သာသနာတော် ထွန်းကားပြန့် ပွားရေးဦးစီးဌာနမှ မန္တလေးတိုင်း ဒေသကြီး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့ လစဉ် ထာဝရဆွမ်းအလှူငွေ လှူဒါန်း ခြင်းအဖြစ် (၂၀၂၂ ခုနှစ် အောက်တို ဘာလ) အတွက် ငွေကျပ် ၁၅ သိန်းကို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (မန္တလေး)မှ ဒေါ်အိအိခိုင်(စာရင်းကိုင်-၁)က ပေးအပ်လှူဒါန်းရာ သင်တန်း ကျောင်း၊ ဥပတ္ထမ္ဘကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ သီဟသုဓမ္မမဏိဇောတဓရ ဦးချစ်ထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကြောင်း သိရသည်။
သတင်းစဉ်



