သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရုပ်စုံသဘင်တင်ဆက်ကပြမှု ရိုက်ကူးတင်ဆက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ    ၁၂


တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ရုပ်စုံသဘင်ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လောကနတ်အစည်းအဝေး ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ (ယာပုံ)
 

 

ညှိနှိုင်း    အစည်းအဝေးသို့ သာသနာရေးနှင့်       ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ နှင့် တာဝန်ရှိသူများ၊  အမျိုးသား ယဉ်ကျေးမှုနှင့်         အနုပညာ တက္ကသိုလ် (ရန်ကုန်၊  မန္တလေး)တို့မှ      ပါမောက္ခချုပ်များနှင့် သက်ဆိုင်ရာ      တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ညှိနှိုင်း  အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက   နိုင်ငံ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ခန့်ညား ထည်ဝါစွာ ဂုဏ်ယူရပ်တည်နိုင်ရန် အတွက် ထိုနိုင်ငံ ထိုလူမျိုးတို့၏ ရိုးရာအစဉ်အလာ       ကိုယ်ပိုင် ယဉ်ကျေးမှုသည် အဓိကသွင်ပြင် လက္ခဏာကြီး   တစ်ရပ်အဖြစ် အမြဲပါဝင်နေပါကြောင်း၊ သာသနာ ရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ   မပျောက် ပျက်စေရန်    ထိန်းသိမ်းစောင့် ရှောက်ရေးဆိုသည့် ဦးတည်ချက် အား ရည်မှန်းချက်ပန်းတိုင်အဖြစ် ထားရှိဆောင်ရွက်လျက်       ရှိပါကြောင်း။

 


ကုန်းဘောင်ခေတ် သက္ကရာဇ် ၁၁၄၅ ခုနှစ်တွင်     ဘိုးတော်မင်း တရားကြီး(ဗဒုံမင်း) လက်ထက် က သဘင်နှင့်   ပတ်သက်သည့် အမိန့်တော်မှတ်တမ်း တစ်စောင် ကိုထုတ်ပြန်ခဲ့ကြောင်း၊ ထိုအမိန့် တော်မှတ်တမ်းအရ ကုန်းဘောင် ခေတ်တွင် ရုပ်သေးကို   ‘‘အမြင့် သဘင်’’ ဟု အလေးထား အမည် ပြုခဲ့ပါကြောင်း၊   ပါတော်မူပြီး နှောင်းပိုင်းကာလများတွင်လည်း မြန်မာ့ရုပ်စုံသဘင်သည် တိမ်မြုပ် ပျောက်ကွယ်သွားခြင်း  မရှိခဲ့ပါ ကြောင်း      ‘‘ရုပ်သေးမှာအသံ၊ ဇာတ်မှာဟန်’’ဆိုသည့် စကားအရ ရုပ်သေးအဆိုပညာရှင်  ဆရာပု၊ ဦးဖူးညို၊ ပုဂံသားမောင်ဘကျော် တို့     နာမည်ကြီးခဲ့ပါကြောင်း၊ လွတ်လပ်ရေးရပြီးခါစ ကာလများ မှာလည်း    မြန်မာနိုင်ငံအထက် ပိုင်းက ရွှေဘိုတင်မောင်၊ မြန်မာ နိုင်ငံအောက်ပိုင်းက    ပုဏ္ဏား ပျံကျော်အေး   ရုပ်စုံသဘင်တို့ နာမည်ကျော်ကြားခဲ့ပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ခေတ်တွင်လည်း     ဒေါက်တာ ဦးရဲဒွေး၏ ဒဂုံအောင်ရုပ်စုံသဘင် သည် ထူးခြားသည့်       တီထွင် ဆန်းသစ်မှုများဖြင့် တစ်ထောင့် တစ်နေရာကနေ   ကြိုးပမ်းခဲ့ပါကြောင်း။

 


၁၉၉၃ ခုနှစ်တွင် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အမျိုးသားယဉ်ကျေးမှုနှင့်   အနု ပညာတက္ကသိုလ်ကို စတင်ဖွင့်လှစ် ခဲ့ပြီး တက္ကသိုလ်၏ သဘင်ပညာ ဌာနတွင်   မြန်မာ့ရုပ်စုံပညာကို အထူးပြုဘာသာရပ် သင်ရိုးတစ်ခု အဖြစ်       ထည့်သွင်းထားရှိပါ ကြောင်း၊ ၁၉၉၃ ခုနှစ်မှ စတင် ကျင်းပခဲ့သည့်        မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင်လည်း ၁၉၉၅ ခုနှစ် မှ စတင်ကာ ပညာရှင်အဆင့် ရုပ်သေးပြိုင်ပွဲကို         ထည့်သွင်း ကျင်းပခဲ့ပါကြောင်း၊ ၁၉၉၈ ခုနှစ် ပြိုင်ပွဲမှာ ရုပ်စုံသဘင်ပြိုင်ပွဲအဖြစ် ‘‘ဝိဓူရ’’ဇာတ်တော်ကြီးဖြင့် စတင် ယှဉ်ပြိုင်ခဲ့ပါကြောင်း၊     အချိန် ကာလ အတိုင်းအတာတစ်ခုအထိ တိမ်မြုပ်     ပျောက်ကွယ်နေခဲ့ သည့် ရုပ်သေးပညာပြန်လည်ပြီး တစ်ခေတ်      ဆန်းသစ်လာခဲ့ပါ ကြောင်း၊  အကြောင်းကြောင်းများ ကြောင့် ကျင်းပခြင်းမပြုနိုင်ခဲ့သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးနှင့်အတူ ရုပ်သေးအနုပညာ ရပ်သည်  တိမ်မြုပ်ပျောက်ကွယ် သကဲ့သို့  ဖြစ်နေခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ကို အကြောင်း ပြုကာ အများပြည်သူများ   စိတ် ပင်ပန်းနွမ်းနယ်မှုအပန်းပြေစေရန် ဖျော်ဖြေမှု အသွင်သဏ္ဌာန်လည်း ပေါ်လွင်ပြီး မြန်မာ့ရုပ်သေးပညာ ရပ်၊ မြန်မာ့ရုပ်စုံပညာရပ်ကိုလည်း   ပြန်လည်    ဖော်ထုတ်ရာလည်း ရောက်စေရန် ရိုက်ကူးထုတ်လွှင့် ပြနိုင်ရေးအတွက် ယနေ့ အစည်း အဝေးကို  ခေါ်ယူကျင်းပရခြင်းဖြစ် ကြောင်း   ထည့်သွင်းပြောကြားသည်။ 

 


ဆက်လက်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာ ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် နှင့် ပါမောက္ခချုပ်များ၊ တာဝန်ရှိသူ များက    ရုပ်စုံသဘင် တင်ဆက် ကပြမှုကို   ရိုက်ကူးတင်ဆက်နိုင် ရန်အတွက်   သက်ဆိုင်ရာကဏ္ဍ အလိုက်      ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။   


သတင်းစဉ်