“သားသားတို့ အငြိမ့်”  ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော် ဒီဇင်ဘာ ၁

 


အများပြည်သူ   ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့်  စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ် များကို  တိုးမြှင့်တင်ဆက်လျက်ရှိရာ “သားသား တို့  အငြိမ့်”  ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၄ ရက်၊  (စနေ နေ့)   ည ၈ နာရီသတင်းအပြီးတွင်  မြန်မာ့အသံနှင့်        ရုပ်မြင်သံကြား၏ MRTV -  HDChannel မှ   ထုတ်လွှင့် ပြသမည်ဖြစ်သည်။

 


ယင်းဖျော်ဖြေမှုကို    လူရွှင်တော် ဒိန်းဒေါင်က စီစဉ်ပြီး     ဟာသမင်္ဂလာ   ရွှေဆိုင်းတော်အဖွဲ့၏ တီးခတ်မှုနှင့်အတူ          ခေါင်းဆောင်မင်းသမီး    အိဇင်မိုး၊ ရှေ့ထွက်မင်းသမီး အိန္ဒြေဦး  ၊ လူရွှင်တော် များဖြစ်ကြသည့်  ရွှေကောင်း၊ လေပြေ၊ ပေါက်မဲနှင့်  ရွှေကျားတို့က          ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 


ထိုသို့  တင်ဆက်မှုကို   ဒီဇင်ဘာ ၈ ရက် (ဗုဒ္ဓဟူးနေ့)   မွန်းလွဲပိုင်း  National   News အစီအစဉ်အပြီးတွင်    ဒုတိယအကြိမ်     ထမ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း  သိရသည်။ 


သတင်းစဉ်