သားဖြစ်သူ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်းကြောင့် ဂျော်ဒန်ဝန်ကြီးချုပ် နေအိမ်တွင် သီးသန့်ခွဲထားစောင့်ကြည့်မှုခံယူရမည်

အမ်မန်  ဒီဇင်ဘာ  ၁၉


ဂျော်ဒန်နိုင်ငံဝန်ကြီးချုပ်   ဘီရှာခါဆော နက်၏သားတစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရခြင်းကြောင့်  ဂျော်ဒန်နိုင်ငံ ဝန်ကြီးချုပ်သည် နေအိမ်တွင် သီးသန့်ခွဲ ထားစောင့်ကြည့်မှု ခံယူရမည်ဖြစ်ကြောင်း ဂျော်ဒန်              ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ      ပီထရာက သတင်းထုတ်ပြန်သည်။


သီးသန့်ခွဲထားစောင့်ကြည့်


ဂျော်ဒန်နိုင်ငံဝန်ကြီးချုပ်      ဘီရှာ ခါဆောနက်သည်   နေအိမ်တွင်  ငါးရက် ကြာ သီးသန့်ခွဲထားစောင့်ကြည့်မှု ခံယူ မည်ဖြစ်ကြောင်း   ယင်းကာလကုန်ဆုံး ချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ     စစ်ဆေးမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမရှိပါက ၎င်း၏လုပ်ငန်းတာဝန်များကို ပြန်လည် ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ၏အကြံပေး အဒဲလ်ဘီးလ်ဘီစီက ပြော ကြားသည်။


ဂျော်ဒန်နိုင်ငံ၌ ဒီဇင်ဘာ ၁၈ ရက် တွင်      ကိုဗစ်-၁၉ ရောဂါ       ကူးစက်ခံရသူ ၁၉၂၀ နှင့် ယင်းရောဂါဖြင့် သေဆုံးသူ ၄၀ ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၃၃၄၆၉ ဦးရှိလာကြောင်းနှင့် ယင်းရောဂါဖြင့်    သေဆုံးသူစုစုပေါင်း ၁၂၁၉၁ ဦးရှိလာကြောင်း ဂျော်ဒန်နိုင်ငံ အစိုးရက ထုတ်ပြန်ကြေညာချက်တစ်ရပ် တွင် ပြောကြားသည်။


လက်ရှိတွင် ဂျော်ဒန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး        တွေ့ရှိဆဲလူနာစုစုပေါင်း ၆၂၀၆၈ ဦးရှိကြောင်းနှင့်   ကိုဗစ်-၁၉ ရောဂါမှ      ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၄၅၅၅ ဦးရှိခြင်းကြောင့်   ပြန်လည်ကျန်းမာလာ သူစုစုပေါင်း  ၉၅၉၂၁၀  ရှိလာကြောင်း သိရသည်။


ဂျော်ဒန်နိုင်ငံ၌ လူဦးရေ ၄၂၆၆၇၈၆ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၃၈၅၄၅၇၄ ဦးသည်      ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း     သိရ သည်။ 


ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်