
နေပြည်တော် ဒီဇင်ဘာ ၁၃
သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ညနေ ၃ နာရီခွဲတွင် သာစည် မြို့နယ် မိတ္ထီလာ-တောင်ကြီးသွား ကားလမ်း ကျွဲတပ်ဆုံကျေးရွာ အနီး မိုင်တိုင်အမှတ်(၃၁/၄)တွင် မိတ္ထီလာမှ တောင်ကြီးဘက်သို့ ထွန်းလင်းနောင်(ခ)နောင်နောင် (၂၄)နှစ် မောင်းနှင်ပြီး ဇော်မျိုးဦး (၂၂)နှစ် လိုက်ပါလာသည့် ၂၂ ဘီး တွဲကား မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း Toluene လီတာ ၇၅၀၀၊ Acetone လီတာ ၃၀၀၀ နှင့် Ethylacetate လီတာ ၇၅၀၀ တို့ကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် များအရ သိမ်းဆည်းရမိ ထိန်းချုပ် ဓာတုပစ္စည်းများအား ရန်ကုန် တိုင်းဒေသကြီးမှ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ ကို ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်