
သာစည် မေ ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကားပြောကြား ပြီး မြို့နယ်စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ် စီမံကိန်းဦးစီးမှူး ဦးမြင့်စိန်က ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ရေးဆွဲတာဝန်ပေးအပ်မှု နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ဒေသန္တရစီမံကိန်းရည်မှန်းချက် များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းတာဝန်များကို တာဝန်ရှိသူများအား ပေးအပ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)