သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံနှင့် ယင်းမာပင်တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၂၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည် မြို့နယ်ဆေးရုံ၊  ဟံဇားတိုက်နယ်ဆေးရုံနှင့် ယင်းမာပင်တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန် များနှင့် သူနာပြုများက ၎င်းတို့၏ လုပ်ငန်းများ ပျက်ကွက်လျက်ရှိပြီး   ဒေသခံပြည်သူများ အနေဖြင့်  ဆေးကုသမှုခံယူရန် အခက်အခဲ များ ဖြစ်ပေါ်လျက်ရှိသဖြင့် ဆေးရုံတွင်အလုပ် ဆင်းပြီး   တာဝန်ကျေပွန်စွာ  ထမ်းဆောင် နေသည့်   ဝန်ထမ်းများနှင့်    လူနာရှင်များ က    နယ်မြေခံတပ်ရှိ   တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့်  သူနာပြုများကို  လာရောက် ကုသပေးနိုင်ပါရန်   အကူအညီတောင်းခံလာ ခဲ့သည်။
အဆိုပါ အကူအညီတောင်းခံလာမှုကြောင့် သက်ဆိုင်ရာ တပ်နယ်များအလိုက် တပ်မတော် ဆေးရုံမှ တပ်မတော်သားပါရဂူများ၊ ဆရာဝန် များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေး အဖွဲ့အားစေလွှတ်၍     ရောဂါဝေဒနာခံစား နေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု       လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ    ဒေသခံပြည်သူ များက ထောက်ခံအားပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာ      ယနေ့တွင် တပ်မတော်      ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူ အမျိုးသား ၄ဝ နှင့် အမျိုးသမီး ၇၉ ဦး   စုစုပေါင်း ၁၁၉ ဦးတို့ကို  ခွဲစိတ် ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်   ပတ်သက်၍     လိုအပ်သည့် ကျန်းမာရေး     စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူ များအနေဖြင့်လည်း ကျေးဇူးတင်ဝမ်းမြောက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်