ရူပီး-ကျပ် တိုက်ရိုက်လဲလှယ်ခွင့်ပြု 

 

ရန်ကုန်   ဧပြီ   ၁၄ 


မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်လဲလှယ်ခွင့် အတွက်   အိန္ဒိယနိုင်ငံ   ဗဟိုဘဏ်(Reserve Bank of India)က မြန်မာဘဏ်များအတွက် Special Rupee Vostro (SRV) Account လက်ခံဆောင်ရွက်မည့်  အိန္ဒိယဘဏ် (Designated Bank)အဖြစ် Punjab National Bank, India ကို ရွေးချယ်သည်။  ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို နယ်စပ်ကုန်သွယ်ရေးတွင် စတင်မည် ဖြစ်ပြီး သင်္ဘောဖြင့် ပဲတင်ပို့ရောင်းချခြင်းကဲ့သို့သော ပုံမှန်ကုန်သွယ်မှု အတွက်လည်း ကျင့်သုံးသွားရန် ရည်ရွယ်ထားသည်။

 


လက်ရှိတွင်    တရုတ်ယွမ်ငွေ၊   ထိုင်းဘတ်ငွေတို့ဖြင့်  နယ်စပ် ကုန်သွယ်ရေးပေးချေမှုများ   လက်ခံဆောင်ရွက်နေသည့်နည်းတူ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးတွင် ရူပီး/ကျပ် ပေးချေမှုများ ဆောင်ရွက် မည်ဖြစ်သည်။ ဧပြီ ၁ ရက်က စတင်ကျင့်သုံးသည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု မူဝါဒသစ်သည် နိုင်ငံတကာ ကုန်သွယ်မှုများတွင် ရူပီးအသုံးပြုရန်အတွက် အထောက်အပံ့ပြုမည့် အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။ 


သီရိ