ရုရှားသမ္မတနှင့် တရုတ်သမ္မတတို့ အာဖဂန်၏ခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အားသွန်ခွန်စိုက် ကြိုးစားရန် သဘောတူ

 

မော်စကို   သြဂုတ်   ၂၅ 


ရုရှားသမ္မတ   ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ  ရှီကျင့်ဖျင်တို့သည် တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် ဖြစ်ပေါ်လာနိုင်သော     အာဖဂန် နစ္စတန်နိုင်ငံ၏     ခြိမ်းခြောက် မှုများကို  တန်ပြန်ရင်ဆိုင်ဖြေရှင်း ရန်     အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်သွားရန်    သဘောတူ ခဲ့ကြသည်။ 
ဆေးမှောင်ခိုမှု နှိမ်နင်းနိုင်ရေး
ဖုန်းခေါ်ဆိုမှုတွင်     နှစ်ဖက် ခေါင်းဆောင်များက အကြမ်းဖက် ဝါဒ၏      ခြိမ်းခြောက်မှုများကို အနိုင်ယူတိုက်ခိုက်ရန်နှင့် အာဖဂန် နစ္စတန် ပိုင်နက်နယ်မြေမှထွက်ပေါ်လာနိုင်သည့်   ဆေးမှောင်ခိုမှု တွေကို နှိမ်နင်းနိုင်ရေး  အားသွန် ခွန်စိုက်လုပ်ကိုင်ရန်     စိတ်အား ထက်သန်လျက်ရှိကြောင်း  ကရင် မလင်က    ထုတ်ပြန်လိုက်သော ထုတ်ပြန်     ကြေညာချက်တွင် ဖော်ပြထားသည်။ 
ငြိမ်းချမ်းရေး  တည်ဆောက်ရန် အရေးကြီး
ထို့အပြင်   အာဖဂန်နစ္စတန် တွင်  ငြိမ်းချမ်းရေးကို  တည် ဆောက်ရန် အရေးကြီးကြောင်းနှင့် ကပ်လျက်ဒေသများတွင်ပါ မငြိမ် သက်မှု   ကူးစက်ပျံ့နှံ့သွားမည်ကို ကာကွယ်ရန်    လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 
ပူတင်နှင့် ရှီတို့သည်  နှစ်နိုင်ငံ ဆက်သွယ်      ဆောင်ရွက်မှုများ ချဲ့ထွင်ရန် သဘောတူခဲ့ကြသည်။ 

အေအက်ဖ်ပီ