ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A . EVMENOV ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားရေတပ်မှ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသည့်စစ်ရေယာဉ်များ ပြန်လည်ထွက်ခွာ

 

နေပြည်တော်   နိုဝင်ဘာ   ၇


ကာကွယ်ရေးဦးစီးချုပ်    (ရေ) ဗိုလ်ချုပ်ကြီး      မိုးအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတ      မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး   ရောက်ရှိနေ သည့်     ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော  ကိုယ်စားလှယ် အဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်  ပြန်လည် ထွက်ခွာရာ    နယ်မြေခံရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာန ချုပ်မှူး    ဗိုလ်ချုပ်  ထိန်ဝင်းနှင့် တပ်မတော်(ရေ)မှ   အရာရှိကြီး များ၊ မြန်မာနိုင်ငံဆိုင်ရာ   ရုရှား စစ်သံမှူး   Colonel    Sergey KURCHENKO  နှင့်   တာဝန်ရှိသူ များက  မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်၌     ပို့ဆောင်နှုတ်ဆက် ခဲ့ကြသည်။ 


အလားတူ    ပြည်ထောင်စု သမ္မတ    မြန်မာနိုင်ငံတော်သို့ မြန်မာ- ရုရှားရေကြောင်း လုံခြုံ ရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင် ရွက်ရန်နှင့်     ချစ်ကြည်ရေးခရီး လည်ပတ်ရန်   ရောက်ရှိနေသော ရုရှားရေတပ်မှ    ဖျက်သင်္ဘော (Destroyer)     များဖြစ်သည့် စစ်ရေယာဉ် Admiral Tributs၊ Admiral  Panteleev   နှင့်   Sea Tanker   Pechenga   တို့သည်  ရန်ကုန်မြို့    သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့်    တာဝန်ရှိသူ များက    ပို့ဆောင်နှုတ်ဆက်ကြ သည်။


အဆိုပါ     စစ်ရေယာဉ်များ ရောက်ရှိနေစဉ်အတွင်း   ရန်ကုန် မြို့ရှိ    အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲ များ ယှဉ်ပြိုင်ကစားခြင်း၊ ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်း (Harbour Phase)လေ့ကျင့်ခြင်းများ ဆောင် ရွက်ခဲ့ကြောင်းနှင့်    တပ်မတော် (ရေ) မှ      စစ်ရေယာဉ်များနှင့် အတူ    ဝေဟင်ရန်၊    ရေပြင်ရန်၊ ရေအောက်ရန်    ကာကွယ်ရေး လေ့ကျင့်ခန်းများနှင့် ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် လေ့ကျင့်ခန်းဧရိယာသို့ ဆက်လက် ထွက်ခွာသွားကြောင်း သတင်းရရှိ သည်။                        

သတင်းစဉ်