ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် ကိုယ်စားလှယ်အဖွဲ့များ ရုရှားနိုင်ငံ၏ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာ


 

 

နေပြည်တော် ဇွန် ၂၂


နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီ   ဥက္ကဋ္ဌ၊  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏  ရုရှား ဖက်ဒရေးရှင်းနိုင်ငံ   ခရီးစဉ်တွင် လိုက်ပါလာကြသည့်   ကိုယ်စား လှယ်အဖွဲ့များသည် ဇွန် ၂၁ ရက် နှင့် ၂၂ ရက်တို့တွင်   ရုရှားနိုင်ငံ မော်စကိုမြို့ရှိ  အထင်ကရနေရာ များ၊  မော်စကိုမြို့၏  ပို့ဆောင်ရေး စနစ်၊ သမိုင်းယဉ်ကျေးမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု  အခြေအနေများကို လေ့လာကြည့်ရှုကြသည်။
ရှင်းလင်းပြသ
ထိုသို့     လေ့လာရာတွင် နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ၊ မြို့တော်ဝန်   ဒေါက်တာမောင် မောင်နိုင်  ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား   ဆက်သွယ်ရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်   ဦးဆောင် သော       ကိုယ်စားလှယ်အဖွဲ့၊   သာသနာရေးနှင့်     ယဉ်ကျေးမှု ဝန်ကြီးဌာန၊   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊   ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းတို့မှ  ကိုယ် စားလှယ်အဖွဲ့ဝင်များနှင့်   မြန်မာ့ တပ်မတော်မှ  ထူးချွန်ဆုရအရာရှိ များအဖွဲ့တို့သည်  ဇွန် ၂၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ  မော်စကို မြို့ရှိ     ရင်ပြင်နီသို့  သွားရောက် လေ့လာကြရာ  ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊  ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက       လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။
 ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ထို့အတူ   ယနေ့တွင်လည်း ထူးချွန်ဆုရ     အရာရှိများအဖွဲ့သည် မော်စကိုမြို့ရှိ   မြေအောက်ရထား ဘူတာပြတိုက်၊  MCD ရထားလမ်း ကြောင်းအသစ်   စီမံကိန်းပြတိုက် နှင့် VDNH  ပန်းခြံတို့သို့ လည်း ကောင်း၊     သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ကိုယ်စား လှယ်အဖွဲ့သည်  မော်စကိုမြို့အနီး ကာလုဂါပြည်နယ်ရှိ   အတနာမီ ကမ္ဘာ့ယဉ်ကျေးမှု     မြို့တော်သို့ လည်းကောင်း       သွားရောက် လေ့လာခဲ့ကြရာ   တာဝန်ရှိသူ များက   လိုက်လံရှင်းလင်းပြသခဲ့ ကြသည်။  ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား    စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန        ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်    ဦးဆောင် သော  ကိုယ်စားလှယ်အဖွဲ့သည် PSB Bank ညွှန်ကြားရေးမှူးနှင့်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ကိုယ်စား လှယ်အဖွဲ့သည်  RDIF နှင့်လည်း ကောင်း အသီးသီးတွေ့ဆုံခဲ့ ကြပြီး ဘဏ်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာများနှင့်  ကျန်းမာရေးကဏ္ဍ ပူးပေါင်း   ဆောင်ရွက်ရေးဆိုင်ရာ များအား     ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အမှတ်တရဓာတ်ပုံများ
ရိုက်ကူး
ညပိုင်းတွင်လည်း      ထူးချွန် ဆုရ  အရာရှိများအဖွဲ့သည်  ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊  မော်စကိုမြို့ရှိ OSTANKINO Towerသို့   သွား ရောက်    လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက    လိုက်လံ ရှင်းလင်းပြသခဲ့ကြပြီး   မော်စကို မြို့၏  ညရှုခင်းများအား အပေါ်စီး မှ ကြည့်ရှုလေ့လာကြကာ အမှတ် တရဓာတ်ပုံများ   ရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်