ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်  အောက်တိုဘာ   ၂၀


ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင်     ပြည်ပဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ  Mr. Grigoriev Evgeny Dmitrievich  ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည်  ယနေ့    နံနက်ပိုင်းတွင် နေပြည်တော်     ဒဏ္ခိဏသီရိမြို့နယ်၌ တည်ထားကိုးကွယ် ပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ  ထိုင်တော်မူ  ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား  သွားရောက်ဖူးမြော် ကြည်ညိုကြသည်။


ဦးစွာ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး    ကော်မတီဥက္ကဋ္ဌ  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ    ရင်ပြင်တော် ပတ်လည်ရှိ  စကျင်ကျောက်များဖြင့် အနု ပညာလက်ရာကွဲပြားစွာ တည်ဆောက် ထားသည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်၊  အဂ္ဂါဓိပတိ   သာသနာ့ဗိမာန်တော်ကြီး၊ အဠကထာဋီကာကျမ်းစာများကို စကျင် ကျောက်ချပ်များပေါ်၌  ခေတ်မီကိရိယာ များ အသုံးပြု၍   ပါဠိအက္ခရာ၊    Rom-anize Language  တို့ဖြင့်   ထွင်းထု ထည့်သွင်း    တည်ဆောက်ထားသည့်   ကျောက်စာရုံစေတီတော်များကို  လှည့် လည်ကြည့်ရှုလေ့လာကြရာ        တာဝန် ရှိသူများက      လိုက်လံရှင်းလင်း    ပြသ သည်။ 


ထို့နောက် စိန့်ပီတာစဘတ် အစိုးရ အဖွဲ့ဝင်   ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ သည်   ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်ရှိ   ရတနာဆင်ဖြူတော် အဆောင်သို့  သွားရောက်ကာ   ဆင်ဖြူ တော်များကို  အစားအစာများ   ကျွေးမွေး ကြသည်။


ယင်းနောက် စိန့်ပီတာစဘတ် အစိုးရ အဖွဲ့ဝင်   ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည်    နေပြည်တော်ရှိ    မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် နှစ်လယ်   မြန်မာ့ကျောက်မျက် ရတနာပြပွဲသို့ သွားရောက်၍  ပုလဲအတွဲ များ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲ များနှင့်   ကျောက်စိမ်းအရိုင်းအတွဲများ ခင်းကျင်းပြသရောင်းချနေမှုကို    ကြည့်ရှု လေ့လာခဲ့ကြသည်။


ညနေပိုင်းတွင်   ရုရှားဖက်ဒရေးရှင်း နိုင်ငံ    စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး   ကော်မတီဥက္ကဋ္ဌနှင့် အတူလိုက်ပါလာသည့်    ပြည်ပဆက်ဆံ ရေးကော်မတီ၊  နိုင်ငံတကာဆက်ဆံရေး ဌာန အထူးအရာရှိချုပ် Dmitry KRUTOY နှင့် စိန့်ပီတာစဘတ်မြို့ N.P.  Napalkov အဆင့်မြင့်  ကင်ဆာရောဂါကုသရေးစင်တာ ဒါရိုက်တာ Vladimir M. Moiseyenko တို့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training   Center   ၌   ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး)   ဒေါက်တာ သီတာလှက နှုတ်ခွန်းဆက်စကား ပြော ကြားပြီး ကင်ဆာဆေးပညာဌာန ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာမျိုးမြင့်မော် က ကင်ဆာဆေးပညာဌာနအကြောင်းကို လည်းကောင်း၊ ဓာတ်ရောင်ခြည်ကင်ဆာ ကုဌာန  ပါမောက္ခ/ဌာနမှူး   ပါမောက္ခ ဒေါက်တာမိုးလှိုင်က    ဓာတ်ရောင်ခြည် ကင်ဆာကုဌာနအကြောင်းကို   လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ Napalkov အဆင့်မြင့် ကင်ဆာရောဂါကုသရေးစင်တာ ဒါရိုက်တာ Vladimir M. Moiseyenko က Napalkov အဆင့်မြင့် ကင်ဆာရောဂါကုသရေးစင်တာ တွင်   လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။
ယင်းနောက်   အထူးအရာရှိချုပ်နှင့် အဖွဲ့က   ခေတ်မီကင်ဆာဆေးကုသမှု လုပ်ငန်းများနှင့်   စပ်လျဉ်း၍   နှစ်နိုင်ငံ နည်းပညာ    အပြန်အလှန်ဖလှယ်ရေး၊ ဆေးပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက်  ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။
ထို့နောက်    အထူးအရာရှိချုပ်နှင့် ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာသီတာလှတို့သည်  ဓာတ်ရောင် ခြည်ဖြင့် ကုသမှုပေးသည့် စက်ခန်းများ၊ Brachytherapy  ဖြင့်   ကုသမှုပေးသည့် စက်ခန်း၊ PET/CT, Cyclotron Centerနှင့် ကင်ဆာဆေးပညာ   အတွင်းလူနာဌာန များသို့ လှည့်လည်ကြည့်ရှုကြသည်။ 


ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင်   ပြည်ပ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny  Dmitrievich  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီ တော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြ သည်။ 


သတင်းစဉ်