ရုရှားနိုင်ငံရှိ မော်စကိုမြို့နှင့် စိန့်ပီတာစဘတ်မြို့တို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များ ပြန်လည်ချမှတ်မည်

မော်စကို   အောက်တိုဘာ   ၂၅


ရုရှားနိုင်ငံ၏    ပထမအကြီးဆုံးမြို့တော်ဖြစ်သည့် မော်စကိုမြို့နှင့်    ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် စိန့်ပီတာစဘတ်မြို့တို့၌    ကိုဗစ်-၁၉   ရောဂါ ကူးစက်မှု       ထပ်မံမြင့်တက်လာသည့်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များကို ပြန်လည်ချမှတ်မည်ဖြစ်ကြောင်း ယနေ့သတင်းများ အရ သိရသည်။
ရုရှားနိုင်ငံ၏ နေ့စဉ်ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ အရေအတွက်သည် အောက်တိုဘာလလယ်ပိုင်း မှ စတင်ကာ ၃၀၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင်မူ  နေ့စဉ်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၇၀၀၀ အထိ  မြင့်တက်ခဲ့ ကြောင်း သိရသည်။


ထို့ကြောင့်   ရုရှားနိုင်ငံတစ်ဝန်း၌  လုပ်ငန်း ဆောင်ရွက်မှုများကို  အောက်တိုဘာ  ၃၀  ရက်မှ စတင်ကာ နိုဝင်ဘာ ၇ ရက်အထိ ခေတ္တရပ်ဆိုင်းထား ရန် အမိန့်ကို ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 


ရုရှားနိုင်ငံ၏  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အများဆုံးဖြစ်သည့်       မြို့တော်မော်စကိုကမူ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်နေသည့်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  စည်းကမ်းချက်များကို အောက်တိုဘာ ၂၈ ရက်မှစတင်ကာ  ချမှတ်မည်ဖြစ် ကြောင်း သိရသည်။
ရုရှားနိုင်ငံသည်   နိုင်ငံတစ်ဝန်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်    အောက်တွင် နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူထားပြီး ဖြစ်ကြောင်း သိရသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်