ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၄၈၆ ဦး ထပ်မံတွေ့ရှိ

မော်စကို   ဒီဇင်ဘာ  ၁၆


ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၄၈၆ ဦးထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း  ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူစုစုပေါင်း  ၁၀၁၃၁၆၄၆  ဦး ရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေး နှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၁၃၃ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၂၉၄၀၂၄ ဦး ရှိလာကြောင်း သိရသည်။


ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူ ၃၇၁၅၅ ဦး  ထပ်မံတွေ့ရှိခြင်းကြောင့်  ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၈၈၇၆၇၈၈ ဦး ရှိလာကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာစုစုပေါင်း  ၉၇၀၆၃၆ ဦးရှိကြောင်း သိရသည်။
မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ရောဂါကူးစက်ခံရမှု အများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၂၂ ဦးရှိခြင်းကြောင့် မြို့တော်တစ်ဝန်း တွင်  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူစုစုပေါင်း ၁၉၉၅၀၂၉ ဦးရှိလာကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်